menu-iconlogo
huatong
huatong
avatar

ပန်းကိုတော့ချူလိုပါသည်

အနိုင်huatong
mssbml2huatong
歌詞
収録
KNQ YeNaing6

ပန်းကိုတော့ချူလိုပါသည်

အနိုင်

ကိုယ့်မေတ္တာ ဥယျာဉ်နန်းမှ

မျိုးစေ့ချလို့စိုက်ပျိုးလာပြန်

အပင်သန် ပန်းလှပါစေတော့ရယ်လို့

သြဇာမြေဆွေး ရေကိုပေး၍ယုယလာရ

ကိုယ့်ဘဝက ဥယျာဉ်မှူးသဏ္႑ာန်

ပန်းကိုစောင့်ကြပ်ဝန်းရံ

နေခြည်တစ်ပေါက်မျှမကြရောက်စေရပြန်

ပွင့်လာမည့်ပန်း လန်းလာမယ့်ပန်း

လှလာမည့်ပန်း မွှေးလာမည့်ပန်း

ဒီပန်းတွေကို အရိပ်ကြည့်ကာပျော်မြူး

မောင့်မှာကြည်နူး ကြည်နူးနေပြန်..

ဖြူနီ ညိုပြာ ကိုယ့်မေတ္တာဥယျာဉ်နန်းမှာ

ပန်းကလေးများ ပွင့်လန်းလာကြပြန်

ဟိုမွာဒီမွာ မွှေးသောလှသောပန်းနဲ့

ဒီမွာ ဟိုမွာ နုသောယဉ်သောပန်း

တစ်ပါးသူဆွတ်ယူမှာစိုးပြန်

မေတ္တာဥယျာဉ်မှူး

မောင့်ဘဝကဆန္ဒမပြည့်ပြန်

ဆွတ်ချူယူဖို့ လက်လှမ်းမယ်ကြံ

ကိုယ်တိုင်စိုက်ပျိုး

မြတ်နိုးရတဲ့ပန်းပေမို့

နွမ်းမှာညိုးမှာကိုပူပန်

ပန်းကိုတော့ချူလိုပါသည်အမှန်...

ကိုယ့်မေတ္တာ ဥယျာဉ်နန်းမှ

မျိုးစေ့ချလို့စိုက်ပျိုးလာပြန်

အပင်သန် ပန်းလှပါစေတော့ရယ်လို့

သြဇာမြေဆွေး ရေကိုပေး၍ယုယလာရ

ကိုယ့်ဘဝက ဥယျာဉ်မှူးသဏ္႑ာန်

ပန်းကိုစောင့်ကြပ်ဝန်းရံ

နေခြည်တစ်ပေါက်မျှမကြရောက်စေရပြန်

ပွင့်လာမည့်ပန်း လန်းလာမယ့်ပန်း

လှလာမည့်ပန်း မွှေးလာမယ့်ပန်း

ဒီပန်းတွေကို အရိပ်ကြည့်ကာပျော်မြူး

မောင့်မှာကြည်နူး ကြည်နူးနေပြန်..

ဖြူနီ ညိုပြာ ကိုယ့်မေတ္တာဥယျာဉ်နန်းမှာ

ပန်းကလေးများ ပွင့်လန်းလာကြပြန်

ဟိုမွာဒီမွာ မွှေးသောလှသောပန်းနဲ့

ဒီမွာ ဟိုမွာ နုသောယဉ်သောပန်း

တစ်ပါးသူဆွတ်ယူမှာစိုးပြန်...

မေတ္တာဥယျာဉ်မှူး

မောင့်ဘဝကဆန္ဒမပြည့်ပြန်

ဆွတ်ချူယူဖို့ လက်လှမ်းမယ်ကြံ

ကိုယ်တိုင်စိုက်ပျိုး

မြတ်နိုးရတဲ့ပန်းပေမို့

နွမ်းမှာညိုးမှာကိုပူပန်

ပန်းကိုတော့ချူလိုပါသည်အမှန်...

ကျေးဇူးတင်ပါတယ်ခင်ဗျ

ညီကိုမောင်နှမများကိုလေးစားလျှက်

KNQ YeNaing6

အနိုင်の他の作品

総て見るlogo