menu-iconlogo
huatong
huatong
--cover-image

ပင်တိုင်စံ

အိအိချွန်huatong
porcodioporcodiohuatong
歌詞
収録
ပင်တိုင်စံ

တေးရေး ဂီတစာဆိုကိုညွန့်ဝေ

တေးဆို အိအိချွန်

Intro

ပင်တိုင်တော်ဦး...

တစ်ကိုယ်ထူးမယ့် ပန်းလျတယ်..

ဖော်မစုံသည်မို့ကွယ်

ဖူးငုံချစ်ပန်း လန်းလို့ရယ်

ချူမယ့်သူကိုကွယ်..

ရွယ်ကာမှန်းလျှက် ဆယ်ဖြာကမ်းလက်

ရမ်းရော်မိတယ်

ရွှေငွေစည်းစိမ် ထိန်ထိန်ရံလယ်

ရွှေအသည်း မရွှင်ဘဲ

ညှိုးလျော်နွမ်းလျ ဘ၀င်မကျနိုင်ဘူးကွယ်..

မကြည်သာတယ်

မဒီကညာတစ်ပါး..

ဘုန်းမို့ရယ် ကြူပါလှည့်လား..

အသည်းချင်းအပ်လို့ ရင်ချင်းထပ်လို့

အပြုံးကိုယ်စီနွယ်..

နှလုံးကြည်စေဖွယ်

သာယာချမ်းမြ ရွှေပါးအပ်ကွယ်

ငွါးငွါးစွင့် ချစ်ပန်းပုံနှယ်

ပွင့်ကာလန်း ရေပန်းကြာတင့်မယ်...

အခုတော့ကွယ် သမုကျော့မယ်

တစ်ကိုယ်တည်းရယ်..

ပိတုန်းရောင်ကျော့ ကေသာလျော့ခွေ

ထုံးဆင့်မတင့်နိုင်တယ်..

ဘယ်အရာမှ အလိုမကျပါ့ကွယ်

ချစ်မေတ္တာ ရေကြည်ဖျန်းမှ

လန်းရပါ့မယ်..

တမ်းတပေါ့ကွယ်..

ကိုရွှေလူလှရယ်

မြန်းကြွလို့ချူလှည့်ပါလား.......ကွယ်...

ပင်တိုင်တော်ဦး...

တစ်ကိုယ်ထူးမယ့် ပန်းလျတယ်..

ဖော်မစုံသည်မို့ကွယ်

ဖူးငုံချစ်ပန်း လန်းလို့ရယ်

ချူမယ့်သူကိုကွယ်..

ရွယ်ကာမှန်းလျှက် ဆယ်ဖြာကမ်းလက်

ရမ်းရော်မိတယ်..

ရွှေငွေစည်းစိမ် ထိန်ထိန်ရံလယ်

ရွှေအသည်း မရွှင်ဘဲ

ညှိုးလျော်နွမ်းလျ

ဘ၀င်မကျနိုင်ဘူး....ကွယ်...

မကြည်သာတယ်

မဒီကညာတစ်ပါး..

ဘုန်းမို့ရယ် ကြူပါလှည့်လား..

အသည်းချင်းအပ်လို့ ရင်ချင်းထပ်လို့

အပြုံးကိုယ်စီနွယ်..

နှလုံးကြည်စေဖွယ်

သာယာချမ်းမြ ရွှေပါးအပ်ကွယ်

ငွါးငွါးစွင့် ချစ်ပန်းပုံနှယ်

ပွင့်ကာလန်း ရေပန်းကြာတင့်မယ်...

အခုတော့ကွယ် သမုကျော့မယ်

တစ်ကိုယ်တည်းရယ်..

ပိတုန်းရောင်ကျော့ ကေသာလျော့ခွေ

ထုံးဆင့်မတင့်နိုင်တယ်..

ဘယ်အရာမှ အလိုမကျပါ့ကွယ်

ချစ်မေတ္တာ ရေကြည်ဖျန်းမှ

လန်းရပါ့မယ်..

တမ်းတပေါ့ကွယ်...

ကိုရွှေလူလှရယ်

မြန်းကြွလို့ချူလှည့်ပါလား.......ကွယ်...

ကျေးဇူးတင်ပါတယ်

အိအိချွန်の他の作品

総て見るlogo