သီချင်း - သမီးရဲ့မေမေ
တေးဆို -အိုင်းရင်းဇင်မာမြင့်
ပူပြင်းတဲ့ သောကတွေကြားထဲ
သမီးရဲ့ရှေ့မှာ
အပြုံးခြွေနိုင်သောအမေ
အရှေ့က အမြဲကွယ်ကာပေးလို့
ခွန်အားပေးနှစ်သိမ့်
စကားတွေသာပြောတယ်
သမီးရဲ့မေမေ
မငြိုငြင်ပါဘူး
အဆင်မပြေတာ
ရှိလည်းလေ..
အေးမြလို့ တုန်ရီနေပါစေ
ပူပြင်းလည်း အနားမှာ
အမြဲကွယ်ကာပေးတယ်
အိုး ဟို...
လောကရဲ့ လှည့်ကွက်ကြားထဲ
မကြောက်ရွံ့ရှေ့မှာ
ရပ်တည်နေသောအမေ
သမီးရဲ့မေမေ
လိုအင်တွေလည်း
အဆင်ပြေအောင်
ဖြည့်ဆည်းပေး...
မေမေ သမီးအနားမှာ
ထွက်ခွာမသွားပါနဲ့
အနားနားမှာ
လမ်းပြပေးပါနော်
အမေ့စကားအမြဲနားထောင်မယ်
အမေ့အပြုံးလေး နမ်းချင်တယ်
လောကကမ္ဘာကြီးနဲ့တောင်
အမေ့ကိုမလဲနိုင်ဘူး
အမေ့တစ်ယောက်သာ
သမီးရဲ့ဥယျာဉ်မှုး
ခြေလှမ်းတိုင်း ပဲ့ပြင်သူ
သမ္မာတရားများကို
လက်တွဲဖော်ပေးသူ
မေမေ...
အေးမြလို့ တုန်ရီနေပါစေ
ပူပြင်းလည်း အနားမှာ
အမြဲကွယ်ကာပေးတယ်
အိုး ဟို...
လောကရဲ့ လှည့်ကွက်ကြားထဲ
မကြောက်ရွံ့ရှေ့မှာ
ရပ်တည်နေသောအမေ
သမီးရဲ့မေမေ
လိုအင်တွေလည်း
အဆင်ပြေအောင်
ဖြည့်ဆည်းပေး...
အောင်မြင်မှုတွေကို
သိမ်းပိုက်နိူင်တာ
အမေလမ်းပြလို့ပဲပေါ့
ရတနာရွှေငွေထက်
အဖိုးမဖြတ်နိုင်သော
အမေ့ရဲ့ ကျေးဇူး
တစ်နေ့ဆပ်နိုင်မယ်
မေမေ သမီးအနားမှာ
ထွက်ခွာမသွားပါနဲ့
အနားနားမှာ
လမ်းပြပေးပါနော်
အမေ့စကားအမြဲနားထောင်မယ်
အမေ့အပြုံးလေး နမ်းချင်တယ်
လောကကမ္ဘာကြီးနဲ့တောင်
အမေ့ကိုမလဲနိုင်ဘူး
အမေ့တစ်ယောက်သာ
သမီးရဲ့ဥယျာဉ်မှုး
ခြေလှမ်းတိုင်းပဲ့ပြင်သူ
သမ္မာတရားများကို
လက်တွဲဖော်ပေးသူ
မေမေ...
ဟူး... မေမေ....