“ ယေရှုသင့်ကိုချီဆောင်သွားမည်”
တေးရေး ~ လယ်မယ်စူ
တေးဆို ~ ကောင်းကောင်း&မီးမီးခဲ
👦ဘယ်အချိန်မှာ ပြန်လာမလည်း
ဘယ်လိုနေရာမှာ လာခေါ်မလည်း
မသိနိုင်ပေမယ့်လည်း
ယုံကြည်သူများ
ပြင်ဆင်လျက် စောင့်နေကြလော့
👩လူပေါင်းများစွာ
ဒုက္ခဆင်းရဲ ငတ်မွတ်ခြင်းတွေ
စစ်မက်ဘေးဒဏ် ကြားမှာငိုကြွေးနေ
ကယ်တင်ရှင်ကို မျှော်လင့်လို့နေပြီ
👦ကိုယ်တော်ရှင် တိမ်လွှာစီးရင်း
မကြာခင်မှာ ပြန်လာတော့မယ်
ကောင်းကင် နိုင်ငံထဲသို့
ယုံကြည်သူများကို
ချီဆောင်ဖို့နေ့ရက် နီးလာပြီ
👩ဒီကမ္ဘာကြီးဟာ
တရွေ့ရွေ့နဲ့ ပျက်ဆီးတော့မယ်
နေရာတိုင်းမှာ ငလျင်တွေ
လှုပ်ခတ်နေပြီ
ရောဂါဆိုးများလည်း
တဖြည်းဖြည်းပေါ်လာပြီ
👩👦ဒီကနေ့
သင့်ရဲ့အသက်တာ
ပြင်ဆင်လိုက်ပါ ဘုရားရဲ့ရှေ့မှာ
စုံလင်သောသူဖြစ်ဖို့ လိုအပ်ပြီ
သမ္မာတရား ထဲ၌အသက်ရှင်
ဝိညာဉ်တော်နဲ့ ပြည့်ဝနေရင်
တံပိုးမှုတ်သံကို သင်ကြားရလိမ့်မည်
ဝိညာဏခန္ဓာကိုယ် ပြောင်းလဲသွားမည်
ကောင်းကင် ဝေဟင်ယံအထက်ကို
မျက်စိတမှိတ် အတွင်းမှာ
ပျံသန်းရင်းလေ
ယေရှုသင့်ကို ချီဆောင်သွားမည်
🎶🎶🎶🅜🅢🅓🎶🎶🎶
👦ကိုယ်တော်ရှင် တိမ်လွှာစီးရင်း
မကြာခင်မှာ ပြန်လာတော့မယ်
ကောင်းကင် နိုင်ငံထဲသို့
ယုံကြည်သူများကို
ချီဆောင်ဖို့ နေ့ရက်နီးလာပြီ
👩ဒီကမ္ဘာကြီးဟာ
တရွေ့ရွေ့နဲ့ ပျက်ဆီးတော့မယ်
နေရာတိုင်းမှာ
ငလျင်တွေ လှုပ်ခတ်နေပြီ
ရောဂါဆိုးများလည်း
တဖြည်းဖြည်းပေါ်လာပြီ
👩ဝိညာဉ်တော်ကို ခံယူလိုက်ပါ
👦ဘုရားရဲ့အလိုတော် သွန်သင်ပေးမှာ
👩ဘဝရဲ့ပြဿနာ များလည်း
ကူညီဖြေရှင်း ပေးမယ်
ယေရှုခရစ်ကို ယုံကြည်သောသူ
👦ကောင်းကင်ဘုံ ဝင်စားရမှာ
👩👦ကောင်းချီးများစွာ နေ့တိုင်း
ခံစားရဖို့ ဖြစ်လာမယ်..
👩👦ဒီကနေ့
သင့်ရဲ့အသက်တာ
ပြင်ဆင်လိုက်ပါ ဘုရားရဲ့ရှေ့မှာ
စုံလင်သောသူဖြစ်ဖို့ လိုအပ်ပြီ
သမ္မာတရား ထဲ၌အသက်ရှင်
ဝိညာဉ်တော်နဲ့ ပြည့်ဝနေရင်
တံပိုးမှုတ်သံကို သင်ကြားရလိမ့်မည်
ဝိညာဏခန္ဓာကိုယ် ပြောင်းလဲသွားမည်
ကောင်းကင် ဝေဟင်ယံအထက်ကို
မျက်စိတမှိတ် အတွင်းမှာ
ပျံသန်းရင်းလေ
ယေရှုသင့်ကို ချီဆောင်သွားမည်
ယေရှုခရစ်တော်
ချီဆောင်သိမ်းဆည်းမည်.....
🅣🅗🅐🅝🅚 🅨🅞🅤