(M)ကြီးသောအိပ်ချင်းနဲ့
အာဒံကို အိပ်စက်စေကာ
ညင်သာစွာနဲ့ နံရိုးထုတ်ယူကာ
ဖန်ဆင်းရှင်ရဲ့လက်ရာ
သူရဲ့အဖော်မွန်အဖြစ်နဲ့
ဧ၀ကိုဖန်ဆင်းကာ
ကမ္ဘာဦးကအချစ်ကို
စခဲ့တဲ့နေရာ
(F)မဆုံးသောချစ်ခြင်းနဲ့
ရင်ခွင်ထဲမင်းတိုးဝင်ကာ
အကြင်နာသာယာမှုများပေးကာ
တစ်သက်မှာတစ်ခါတည်းပါ
ဖျားလို့နာသည်ဖြစ်ဖြစ်
ဆင်းရဲချမ်းသာဖြစ်ဖြစ်
ငါဟာမင်းနဲ့ရိုးမြေကျ ပေါင်းသင်းမဲ့သူပါ
(F+M)အချစ်ဦးလဲမင်း
အချစ်ဆုံးလဲမင်းပါပဲ
ဖြစ်သမျှအကြောင်း နားလည်ပေး
နံရိုးရဲ့ပိုင်ရှင်လေး
အစဦးလဲမင်း
အဆုံးသတ်လဲမင်းပါပဲ
မင်းရဲ့အချစ်စွမ်းအင်ထဲ
ဆက်ပြီးအသက်ရှင်မယ်
solo
(M)ကြီးသောအိပ်ချင်းနဲ့
အာဒံကို အိပ်စက်စေကာ
ညင်သာစွာနဲ့ နံရိုးထုတ်ယူကာ
ဖန်ဆင်းရှင်ရဲ့လက်ရာ
သူရဲ့အဖော်မွန်အဖြစ်နဲ့
ဧ၀ကိုဖန်ဆင်းကာ
ကမ္ဘာဦးကအချစ်ကို
စခဲ့တဲ့နေရာ
(F)မဆုံးသောချစ်ခြင်းနဲ့
ရင်ခွင်ထဲမင်းတိုးဝင်ကာ
အကြင်နာသာယာမှုများပေးကာ
တစ်သက်မှာတစ်ခါတည်းပါ
ဆုံးဖြတ်ရည်ရွယ်ထားခဲ့
နှလုံးသားကမင်းအတွက်ခံစား
ငါဟာမင်းနဲ့မှအချစ်ကို
စသိတဲ့သူပါ
(F+M)အချစ်ဦးလဲမင်း
အချစ်ဆုံးလဲမင်းပါပဲ
ဖြစ်သမျှအကြောင်း နားလည်ပေး
နံရိုးရဲ့ပိုင်ရှင်လေး
အစဦးလဲမင်း
အဆုံးသတ်လဲမင်းပါပဲ
မင်းရဲ့အချစ်စွမ်းအင်ထဲ
ဆက်ပြီးအသက်ရှင်မယ်
(F+M)အချစ်ဦးလဲမင်း
အချစ်ဆုံးလဲမင်းပါပဲ
ဖြစ်သမျှအကြောင်း နားလည်ပေး
နံရိုးရဲ့ပိုင်ရှင်လေး
အစဦးလဲမင်း
အဆုံးသတ်လဲမင်းပါပဲ
မင်းရဲ့အချစ်စွမ်းအင်ထဲ
ဆက်ပြီးအသက်ရှင်မယ်
ကျေးဇူးတင်ပါတယ်