menu-iconlogo
huatong
huatong
avatar

မိုးခါးရေ

ဆောင်းဦးလှိုင်huatong
smarieirishhuatong
歌詞
レコーディング
ငါလေအမှန်အတိုင်းပဲ စကားတွေဆို

အဖြူထည်ငါ့နှလုံးသား မယိမ်းယိုင်ဖို့

လျှောက်တဲ့လမ်းတိုင်း ဖြောင့်တန်းအောင်

စဉ်းစားမိသမျှ ညီမျှအောင်

စာနာတတ်သော လူသား

တစ်ယောက် ဖြစ်ချင်တယ်

လူတွေကိုငါ ခွင့်လွှတ်တတ်လာတယ်

တခါတရံမျှော်လင့်လောက် မဖြစ်ပေမယ့်

အမြဲတမ်းအရှုံးပေးနေတဲ့ငါ့ကို

ချနင်းပြီးဟားတိုက်လှောင်ဦင်္းမလား

ခံနိုင်ရည်ရှိသော လူသား

တစ်ယောက် ဖြစ်ချင်တယ်

တကယ်ဆိုရင်လူ့ဘဝ

တိုတောင်းလွန်းလှပါတယ်

စာနာစိတ်များ နည်းပါးမသွားစေနဲ့

ဘယ်သူတွေ တရားပျက်ပျက်

ကိုယ်မပျက်နဲ့ကွာ

မသောက်ဘူး မိုးခါးရေများ

ငါလေအမှန်အတိုင်းပဲ စကားတွေဆို

အဖြူထည်ငါ့နှလုံးသား မယိမ်းယိုင်ဖို့

လျှောက်တဲ့လမ်းတိုင်း ဖြောင့်တန်းအောင်

စဉ်းစားမိသမျှ ညီမျှအောင်

စာနာတတ်သော လူသား

တစ်ယောက် ဖြစ်ချင်တယ်

တကယ်ဆိုရင်လူ့ဘဝ

တိုတောင်းလွန်းလှပါတယ်

မာန်မာနများ ရန်ငြိုးများမရှိစေနဲ့

ဘယ်သူတွေ တရားပျက်ပျက်

ကိုယ်မပျက်နဲ့ကွာ

မသောက်ဘူး မိုးခါးရေများ

လောကသစ္စာ အမှန်ဆိုတာ

ငုတ်လျှိုးလည်းခဏ

ယုံကြည်ရာဆီ အပြုံးမပျက်သွား

စာနာစိတ်ကလေးထား

အခက်အခဲကြားမှာ

မသောက်ဘူး မိုးခါးရေများ

တကယ်ဆိုရင်လူ့ဘဝ

တိုတောင်းလွန်းလှပါတယ်

စာနာစိတ်များ နည်းပါးမသွားစေနဲ့

ဘယ်သူတွေ တရားပျက်ပျက်

ကိုယ်မပျက်နဲ့ကွာ

မသောက်ဘူး မိုးခါးရေများ

စာနာစိတ်ကလေးထား

အခက်အခဲကြားမှာ

မသောက်ဘူး မိုးခါးရေများ

ဘယ်သူတွေ တရားပျက်ပျက်

ကိုယ်မပျက်နဲ့ကွာ

မသောက်ဘူး မိုးခါးရေများ

ဆောင်းဦးလှိုင်の他の作品

総て見るlogo
မိုးခါးရေ by ဆောင်းဦးလှိုင် - 歌詞&カバー