menu-iconlogo
huatong
huatong
avatar

သဒ္ဓါပြည့်တဲ့အလှူ

ဇော်သူဟိန်းhuatong
💫Kwee_Aung💫huatong
歌詞
レコーディング
သဒ္ဓါပြည့်တဲ့အလှူ

ဇော်သူဟိန်း+ပန်းအိဖြူ

ယနေ့လှူတဲ့ အလှူ့အမကြီးရယ်

စိတ်ချမ်းသာမယ်

စေတနာတွေ တောင်လောက်ကြီးတယ်

ပေးကမ်းကျွေးမွေး လှူဒါန်းပေးမယ်

အလှူ့အမကြီး

(ဘာလဲရှင့်)

အလှူ့အမကြီး ……

ပျော်ရွှင်အခါခါ လမင်းကြီးပမာ

ထိန်ထိန်သာ နှလုံးပီတိဖြာ

သဒ္ဓါအပေါင်းနဲ့  ပြည့်တဲ့အလှူပွဲပါ ……

ယနေ့လှူတဲ့ အလှူ့ဒကာကြီးရယ်

စိတ်ချမ်းသာမယ်

စေတနာတွေ တောင်လောက်ကြီးတယ်

ပေးကမ်းကျွေးမွေး လှူဒါန်းပေးမယ်

အလှူ့ဒကာကြီး

(ဘာတုန်းဗျ)

အလှူ့ဒကာကြီး ……

ပျော်ရွှင်အခါခါ လမင်းကြီးပမာ

ထိန်ထိန်သာ နှလုံးပီတိဖြာ

သဒ္ဓါအပေါင်းနဲ့ ပြည့်တဲ့အလှူပွဲပါ ……

ယနေ့လှူတဲ့ အလှူ့အမကြီးရယ်

စိတ်ချမ်းသာမယ်

စေတနာတွေ တောင်လောက်ကြီးတယ်

ပေးကမ်းကျွေးမွေး လှူဒါန်းပေးမယ် ……

အလှူ့အမကြီး

(ဘာလဲရှင့်)

အလှူ့ဒကာကြီး

(ဘာာတုန်းဗျ)

ပျော်ရွှင်အခါခါ လမင်းကြီးပမာ

ထိန်ထိန်သာ နှလုံးပီတိဖြာ

သဒ္ဓါအပေါင်းနဲ့ ပြည့်တဲ့အလှူပွဲပါ ……

သာသနာ့မြေမဟီ ရွှေစည်ဆော်၍

ကြည်သာချမ်းမြ အလှူဒါနပြုကြရာဝယ်

ကြည်လင်ယိုဖိတ် သဒ္ဓါစိတ်က မခွဲလှူဒါန်း

ရည်မျှော်မှန်းလို့ မြတ်ဘုရားပူဇော်

သံဃာရှင်မြတ် နှင်းဆက်ကပ်၍

အာရုံတော်ဆွမ်း ၀မ်းပန်းတစ်သာ လှူကြရာဝယ် ……

နိဗ္ဗာန်ပြည်နန်း ……

တက်လှမ်းပါလို့ ရောက်ကြပါစေသော် …… … …

စေတနာတွေ ပေးလှူတာ

ဟောဒီအလှူပွဲပါ

သဒ္ဓါတရားတွေ ပေးလှူတာ

ထူးတဲ့ အလှူပွဲပါ

စေတနာတွေ ပေးလှူတာ

ဟောဒီ အလှူပွဲပါ

သဒ္ဓါတရားတွေပေး လှူတာထူးတဲ့ အလှူပွဲပါ

ရေဘူးနဲ့ဖိနပ်မပါရင် နွေအခါသိလိမ့်မယ်

ဒါနနဲ့သီလမပါရင် သေအခါသိလိမ့်မယ်

ရေဘူးနဲ့ဖိနပ်မပါရင် နွေအခါသိလိမ့်မယ်

ဒါနနဲ့သီလမပါရင် သေအခါသိလိမ့်မယ်

နိဗ္ဗာန်တော် မရောက်မီငြား

ကုသိုလ်ဒါန မေတ္တာပွား

နိဗ္ဗာန်တံခါး ဖိတ်စာကြား

ဘာဝနာတရားတွေ မြင်ရမယ်

သီလတရားတွေမြင်ရမယ်

ဘာဝနာတရားတွေ မြင်ရမယ်

သီလတရားတွေ မြင်ရမယ်

တို့အလှူတော် သိပ်ပျော်တယ်

ခမ်းခမ်းနားနား ဂုဏ်ယူဝမ်းမြောက်ဖွယ်

စေတနာတွေပေးလှူတာ ဟောဒီအလှူပွဲပါ

သဒ္ဓါတရားတွေပေးလှူတာ ထူးတဲ့အလှူပွဲပါ

စေတနာတွေပေးလှူတာ ဟောဒီအလှူပွဲပါ

သဒ္ဓါတရားတွေပေးလှူတာ ထူးတဲ့အလှူပွဲပါ

ရေဘူးနဲ့ဖိနပ်မပါရင် နွေအခါသိလိမ့်မယ်

ဒါနနဲ့သီလမပါရင် သေအခါသိလိမ့်မယ်

ရေဘူးနဲ့ဖိနပ်မပါရင် နွေအခါသိလိမ့်မယ်

ဒါနနဲ့သီလမပါရင် သေအခါသိလိမ့်မယ်

နိဗ္ဗာန်တော် မရောက်မီငြား

ကုသိုလ်ဒါန မေတ္တာပွား

နိဗ္ဗာန်တံခါးဖိတ်စာကြား

ဘာဝနာတရားတွေ မြင်ရမယ်

သီလတရားတွေ မြင်ရမယ်

ဘာဝနာတရားတွေ မြင်ရမယ်

သီလတရားတွေ မြင်ရမယ်

တို့အလှူတော် သိပ်ပျော်တယ်

ခမ်းခမ်းနားနား ဂုဏ်ယူဝမ်းမြောက် ဖွယ် …

ဇော်သူဟိန်းの他の作品

総て見るlogo