ရွှေပြည်တော်အလွမ်း
မေချစ်တဲ့ မောင့်ရင်ခွင်
ခွဲခွါခဲ့တာ နှစ်တွေများ...
တစ်နေ့မှ မေ့မရနှိုင်ပါ
မောင်မောင်ရယ်.. လွမ်းလို့နေမလား
လွမ်းတသသ ဝေးရပ်ဆီမှာ..
မောင်ပေးဖူးတဲ့
အနမ်းတွေလွမ်းလိုက်တာ
မောင့်ရင်ခွင်အငွေ့အသက်
မောင့်ယုယမှု့ တွေ
မောင့်အထိအတွေ့ မေတမ်းတနေ..
မေချစ်တဲ့ မောင့်ရင်ခွင်
ခွဲခွါခဲ့တာ နှစ်တွေများ...
တစ်နေ့မှ မေ့မရနှိုင်ပါ
မောင်မောင်ရယ်.. လွမ်းလို့နေမလား
လွမ်းတသသ ဝေးရပ်ဆီမှာ..
မောင်ပေးဖူးတဲ့
အနမ်းတွေလွမ်းလိုက်တာ
မောင့်ရင်ခွင်အငွေ့အသက်
မောင့်ယုယမှု့ တွေ
မောင့်အထိအတွေ့ မေတမ်းတနေ..
ဘဝပေးအခြေအနေ မလွှဲသာခွဲခွါ
သမုဒ္ဒရာခြား..
လူမျိုးခြားတိုင်းတပါးနိုင်ငံမှာ
ရည်ရွယ်ရာ.. ဘဝရှေ့ ရေးအတွက်..
ရိုးသားစွာ ကြိုးစားချိန်မှာ..
အခက်ခဲအတားအစီးတွေ
တွေ့ကြုံရတဲ့အခါ....
ရတနာမြတ်သုံးပါး အမိအဖမြတ်ဆရာ
ဦးထိပ်၍ကန်တော့ ပန်းမပြတ်ပါ...
ရည်ရွယ်တာတွေပြည့် ....
အောင်မြင်တဲ့ တစ်နေ့...
မြန်မာပြည်ပြန်အလာ ကြိုနေပါကွယ်.
မှိုင်းညို့စိုင်းစို
ကျေးလက်ရနံ့ သင်းပျံ့ရာ
အမိအဖအမျိုးအဆွေ
အပေါင်းအဖော် သူငယ်ချင်းတွေ...
ချစ်သူ့မောင့်ရင်ခွင်
အပြေးလေး... ရောက်လာ...
လွမ်းသမျှအတိုးချကာ အနမ်းမိုးတို့ရွာ
ပြန်မလာခင် သစ္စာစောင့်ထိမ်းပါ
မောင်မောင်ရာ...
ပြည်တော်ဝင်သချင်းလေးနဲ့ ..
ရည်မျှော်ဆွေး...
မြန်မာပြည်ရဲ့ အဝေးရပ်ဆီမှပါ...
ရည်ရွယ်တာတွေပြည့် ....
အောင်မြင်တဲ့တစ်နေ့...
မြန်မာပြည်ပြန်အလာ ကြိုနေပါကွယ်.
မှိုင်းညို့စိုင်းစို
ကျေးလက်ရနံ့ သင်းပျံ့ရာ
အမိအဖအမျိုးအဆွေ
အပေါင်းအဖော် သူငယ်ချင်းတွေ...
ချစ်သူ့မောင့်ရင်ခွင်
အပြေးလေး... ရောက်လာ...
လွမ်းသမျှအတိုးချကာ အနမ်းမိုးတို့ရွာ
ပြန်မလာခင် သစ္စာစောင့်ထိမ်းပါ
မောင်မောင်ရာ...
ပြည်တော်ဝင်သချင်းလေးနဲ့ ..
ရည်မျှော်ဆွေး...
မြန်မာပြည်ရဲ့ အဝေးရပ်ဆီမှပါ...