ဖြတ်လိုက်တော့ ( Now&Ever OST )
တေးဆို - ခြူးစစ်ဟန်
တေးရေး-ဇက်ခီ
Uploaded by KonohaArt
ထားခဲ့ပြီဘေဘီ
မိုးသောက်ယံအချိန်လေး
မင်းပါးပြင်လေးကို
နောက်ဆုံးတစ်ခေါက်လောက်
နမ်းချင်သေး
နင်လိုချင်တာအချစ်စစ်တစ်ခု
ငါကိုယ်တိုင်တောင်မသိနိုင်သေး
ဘယ်လိုငါပေးရမလဲ
မုသားကင်းတဲ့ငါ့ရင်ထဲ
ဟူး မျှော်လင့်ချင်းတွေ
ထပ်ပြီးမပေးလိုဘူး
အူး လောင်မြိုက်ခြင်းတွေ
ပိုက်ပြီးသွားတော့မယ်
ထားလိုက်ပါတော့
တို့နှစ်ယောက်ရဲ့အကြောင်းတွေ
မေ့လိုက်ပါတော့
ပြောခဲ့တဲ့စကားတွေ
အို ဖျက်လိုက်ပါတော့
အမှတ်တရ တက်တူးလေး
အိုပြောသလောက်တော့
မလွယ်မှန်းသိပေမယ့်
မနေနိုင်ဘူး Bae
ငါ့ကိုပိုင်ဆိုင်ချင်သူရေ
မုန်းလိုက်တော့အချစ်ရေ
ဒါပေမယ့်
တစ်ခုတော့နားလည်ပေး
ဒီစွန့်ခွာခြင်းရဲ့အကြောင်းက
ငါနောက်တစ်ယောက်တွေ့လို့
မဟုတ်ဘူး ဟေးး
အရင်တိုင်းပဲမင်းကိုငါချစ်တယ်
နေ့တိုင်းလဲမင်းကိုငါလွမ်းတယ်
ချည်ထားလို့မရတဲ့ငါ့ရဲ့
သဘာဝကြောင့် Baby
နားလည်ပေး
မျှော်လင့်ချင်းတွေ
ထပ်ပြီးမပေးလိုဘူး
ပျော်ရွှင်ခြင်းတွေထာဝစဉ်
ပိုင်ဆိုင်ပါစေနော်
ထားလိုက်ပါတော့
တို့နှစ်ယောက်ရဲ့အကြောင်းတွေ
မေ့လိုက်ပါတော့
လှပခဲ့အချိန်တွေ
အို ဖျက်လိုက်ပါတော့
ရင်ဘတ်က တက်တူးလေး
မေ့မရအောင်ရင်ထဲ
စွဲကျန်ရစ်နေ
မင်းရဲ့အနမ်းနဲ့
အလွမ်းတွေ
မိုင်ထောင်ချီဝေး
ဒီနာကျင်မှုတွေ
ဟေး မင်းတစ်ယောက်တည်း
မဟုတ်ပါအချစ်လေး
သန်းခေါင်ယံချိန်တွေ
အိပ်ယာထက်ငါလေ
လူးလွန့်နေဆဲပါပဲ
လမ်းထောင့်ကBarမှာထိုင်ပြီး
မင်းအကြိုက်ဆုံးစီးကရက်ကို
သောက်ရင်း
အခိုးတွေကြားမှာ
ပြုံးနေတဲ့သူကောင်လေး
ငါ့ဒဏ်ရာများကိုကုသပေး
ငါ့ရူးချင်ပြီ
ငါမူးနေပြီ
ဟိုးးး ငါရူးချင်ပြီ
Uploaded by KonohaArt