M: ကန်ရေပြင်မြေနီလမ်းတို့နဲ့ဝေး
F: စွယ်တော်ခုံပြာတန်းတို့နဲ့ဝေး
M: ယုံပါကွာအချစ်ဆုံးမင်းကို
Both: တို့တော့သတိရနေမှာပါ
M: အိမ်ပြန်ချိန်တို့ခွဲ တစ်လမ်းဆီမို့
F: ပြန်လည်ဆုံဆည်းကြနိုင်ဖို့
M: ကံကိုမျှော်လင်းရင်း အဝေးကတို့
Both: သတိရနေမှာပါ..
Both: လိုင်ဘရီလေးလည်း တို့နဲ့ဝေး
အာစီလေးလည်းသတိရမိတယ်
M: ရင်မှာလွမ်းလို့ကျတဲ့မျက်ရည်
F: ဂျပ်ဆင်အိုလေးဘယ်မမေ့ဘူး
M: ကြင်နာသူတွေရဲ့ကံ့ကော်တန်း
F: ခြေရာထင်ကျန်ဆဲ အဓိပတိလမ်း
M: ရင်မှာသံမှိုစွဲ နှလုံးအိမ်ထဲ
Both: သတိရနေမှာပါ
Both: လိုင်ဘရီလေးလည်းတို့နဲ့ဝေး
အာစီလေးလည်းသတိရမိတယ်
M: ရင်မှာလွမ်းလို့ကျတဲ့မျက်ရည်
F: သစ်ပုပ်ပင်လည်း အဝေးဆုံးဝေး
M:လိုင်ဘရီလေးလည်းတို့နဲ့ဝေး (တို့နဲ့ဝေး)
အာစီလေးလည်းသတိရမိတယ် (ဟူး..ဟူဟူး)
ရင်မှာလွမ်းလို့ကျတဲ့မျက်ရည်
F: ဂျပ်ဆင်အိုလေးဘယ်မမေ့ဘူး
M: ကြင်နာသူတွေရဲ့ကံ့ကော်တန်း
F: ခြေရာထင်ကျန်ဆဲ အဓိပတိလမ်း
M: ရင်မှာသံမှိုစွဲ နှလုံးအိမ်ထဲ
Both: သတိရနေမှာပါ
ဟူးဟူ … ဟူးဟူ…
M: ရင်မှာသံမှိုစွဲ နှလုံးအိမ်ထဲ
Both: သတိရနေမှာပါ