ဆန်ရေ
ဘိုဖြူ
ဆံပင်ဖြူတွေ တစ်ခါပြန်နက်ဖို့
ဘယ်လောကီ လူ့ပညာ.. မတတ်နိုင်စွမ်းသာ. .
လောက ဓမ္မတာ. . .
မွေးအဖေရဲ့ မြတ်ကျေးဇူးတွေ
မွေးအမေရဲ့ မြတ်ကျေးဇူးတွေ
ဆပ်လို့ မကုန်ဘူး. . .
. . . . . . . .
ဆံပင်ဖြူတွေ တစ်ခါပြန်နက်ဖို့
ဘယ်လောကီ လူ့ပညာ.. မတတ်နိုင်စွမ်းသာ. .
လောက ဓမ္မတာ. . .
မွေးအဖေရဲ့ မြတ်ကျေးဇူးတွေ
မွေးအမေရဲ့ မြတ်ကျေးဇူးတွေ
ဆပ်လို့ မကုန်ဘူး. . .
. . . . . . . .
နားခိုဖို့ ရင်ခွင်. .
နွေးထွေးတဲ့ မေတ္တာ. .
ငတ်ခဲ့သူ တစ်ယောက်မှာ. .
ရှားသဲလွန် စနောက်. .
လိုက်ဦးမယ့် မိဘနှစ်ပါးကို
တွေ့ရင်တော့ ရှိသမျှအားနဲ့
လုပ်ကျွေးမယ်လို့. .
ရေဆိုတာ စုန်ဆင်းမြဲ
ရေဆိုတာ ဆန်ရိုး မရှိတယ်
ပြောပေမယ့်လည်း....
ဆည်မှန်ရင် ဆဏလေးတားလို့
လူကြုံရင် ခဏလေးရပ်လို့
အမြင့်ပို့နိုင်ရဲ့....
တရားဓမ္မပွဲဝိုင်းလို့ရယ်
အရာတိုင်းမှာပြည့်စုံစွာ ထား နိုင်ဖို့ရာ
သားကြိုးစားမှာ . .
အမေ့ရွာကို နောက်ဆုံးမသွားခင်
တရားရွှေရိပ် အောက်ငြိမ်းချမ်းမှု
ရ သွားစေချင်. . .
. . . . . . . .
သံသရာမှာ ဆွေမျိုးစပ်ရင်
လူအမှန်ရင် အကုန်အမျိုးချည်းပဲ
ဘ၀အဖေအမေရယ်....
ဆန်ရေမှန် တန်ဖိုးကြီးသမို့
ဆန်ရေဟာ ကြုံရခဲသမို့
ကန်တော့ခံပါလို့.....
တရားဓမ္မပွဲ ကြားက၀ယ်
အရာတိုင်းမှာ ပြည့်စုံစွာ ထား နိုင်ဖို့ရာ
သားကြိုးစားမှာ . .
အမေ့ရွာကို နောက်ဆုံးမသွားခင်
တရားရွှေရိပ် အောက်ငြိမ်းချမ်းမှု
ရ သွားစေချင်. . .
. . . . . . . .
နားခိုဖို့ ရင်ခွင်. .
နွေးထွေးတဲ့ မေတ္တာ. .
ငတ်ခဲ့သူ တစ်ယောက်မှာ. .
ရှားသဲလွန် စနောက်. .
လိုက်ဦးမယ့် မိဘနှစ်ပါးကို
တွေ့ရင်တော့ ရှိသမျှအားနဲ့
လုပ်ကျွေးမယ်လို့ . . .
ရေဆိုတာ စုန်ဆင်းမြဲ
ရေဆိုတာ ဆန်ရိုး မရှိတယ်
ပြောပေမယ့်လည်း....
ဆည်မှန်ရင် ဆဏလေးတားလို့
လူကြုံရင် ခဏလေးရပ်လို့
အမြင့်ပို့နိုင်ရဲ့....
ဆံပင်ဖြူတွေ တစ်ခါပြန်နက်ဖို့
ဘယ်လောကီ လူ့ပညာ.. မတတ်နိုင်စွမ်းသာ. .
လောက ဓမ္မတာ. . .
မွေးအဖေရဲ့ မြတ်ကျေးဇူးတွေ
မွေးအမေရဲ့ မြတ်ကျေးဇူးတွေ
ဆပ်လို့ မကုန်ဘူး. . .
လောက ဓမ္မတာ. . .
မွေးအဖေရဲ့ မြတ်ကျေးဇူးတွေ
မွေးအမေရဲ့ မြတ်ကျေးဇူးတွေ
ဆပ်လို့ မကုန်ဘူး. . .
. . . . . . . .