စီးပွားရေးသမား ဖြစ်ချင်တယ်
အဆိုတော်ကြီးလဲ ဖြစ်ချင်တယ်
ဘုန်းကြီးတစ်ပါးလဲ ဖြစ်ချင်တယ်
ရာဇဝတ်သားလဲ ဖြစ်ချင်တယ်
လူဆိုးဖမ်းတဲ့ရဲကြီးလဲ ငါဖြစ်ချင်တယ်
စည်ပင်မှာအလုပ်လုပ်တဲ့
အလုပ်သမားလေး ဖြစ်ချင်တယ်
လှည်းကြီးကိုငါတွန်းချင်တယ်
သစ်ရွက်ခြောက်တွေကောက်ချင်တယ်
ပုံမှန်ဝန်ထမ်းဘဝလေးလို
Bus Car စောင့်ချင်တယ်
လယ်သမားကြီး ဖြစ်ချင်တယ်
နွားကျောင်းသားလေးဖြစ်ချင်တယ်
နွေလေပူရဲ့အဝေးမှာ
သစ်ပင်ကြီးရဲ့အောက်
စွပ်ကျယ်လေးနဲ အေးအေး ဆေးဆေး
အိပ်ချင်တယ်
ရွှေလင်ဗန်းနဲ့ခြင်ဆေးမီး မွေးချင်တယ်
လိုတရဘဝမျိုးနဲ့တွေ့ချင်တယ်
တောင်ကုန်းပေါ်က
အိမ်ကလေးမှာနေချင်တယ်
လူမသိသူမသိနဲ့သေချင်တယ်
I Need
More Life
More Life Oh..Oh....Oh...
More Life
More Life Oh..Oh....Oh...
ဒီဘဝတစ်ခုနဲ့ငါ့မှာပြည့်စုံမလုံလောက်ဘဲ
လူလောကကြီးရဲ့အလယ်
I Need
More Life
More Life Oh..Oh....Oh...
More Life
More Life Oh..Oh....Oh...
အသက်တို့ကရှူမဝပါ
ခုန်နေတဲ့ ငါ့နှလုံးသား…..
သမ္မတကြီးလဲဖြစ်ချင်တယ်
ဆိုက်ကားသမားလဲဖြစ်ချင်တယ်
ကန္တာရလိုနေရာမျိုးမှာ
နောင်လာနောင်သားများ
အတွက်သစ်ပင်စိုက်တဲ့
လူတစ်ယောက်ဖြစ်ချင်တယ်
သူတောင်းစားများလိုမျိုး
ငါဟာဂုံးတံတားအောက်မှာ ပျော်မယ်
ဆင်းရဲ ချို့တဲ့ မှုရဲ့ ကြားမှာ
လွတ်လပ်မှုဟာ အဖော်ပဲ
ကျူးကျော်တဲလေးတွေကြားထဲမှာ
နေချင်တယ်
မီးရထားသံလမ်းထက်မှာ
ဆော့ချင်တယ်
နိုင်ငံခြားမှာကျောင်းတက်
ဘွဲ့တွေရ
Style Pant နဲ့ Shoes ဖိနပ်ပဲဝတ်ချင်တယ်
မချစ်တတ်တဲ့လူတစ်ယောက်ဖြစ်ချင်တယ်
ငြိမ်းချမ်းတဲ့လူတစ်ယောက်ဖြစ်ချင်တယ် အားလုံးကိုပေါ့ပေါ့လေးသဘောထားပြီး
ဘာမှမတွေးတတ်တဲ့လူတစ်ယောက်
ဖြစ်ချင်တယ်
I Need
More Life
More Life Oh..Oh....Oh...
More Life
More Life Oh..Oh....Oh...
ဒီဘဝတစ်ခုနဲ့ငါ့မှာပြည့်စုံမလုံလောက်ဘဲ
လူလောကကြီးရဲ့အလယ်
I Need
More Life
More Life Oh..Oh....Oh...
More Life
More Life Oh..Oh....Oh...
အသက်တို့ကရှူမဝပါ
ခုန်နေတဲ့ ငါ့နှလုံးသား…
ခရိုနီကြီးလဲဖြစ်ချင်တယ်
စားပွဲထိုးလေး ဖြစ်ချင်တယ်
မီးသတ်သမားကြီး ဖြစ်ချင်တယ်
ကျောင်းဆရာလေးလဲ ဖြစ်ချင်တယ်
အမျိုးကောင်းသာတွေ
မွေးထုတ်ပေးတဲ့
မိန်းမတစ်ယောက်ဖြစ်ချင်တယ်
မြန်မာပြည်မှာအနှိမ်ခံရတဲ့
LGBT ဖြစ်ချင်တယ်
Scientist လဲဖြစ်ချင်တယ်
Mr Bean လည်းဖြစ်ချင်တယ်
Hah Hah
ဘုရားသခင်လဲဖြစ်ချင်တယ်
လူအမျိုးမျိုး
ဘဝအထွေထွေဆိုတာကို
ငါခံစားချင်တာ
ဘဝတစ်ခုဆုံးပြီးတိုင်း
အသစ်တစ်ခုကို ပြန်စချင်တာ
တစ်ခါတစ်လေကျလောကကြီးမှာ
အရိုးသားဆုံး ဖြစ်ပြီးတော့
တစ်ခါတစ်လေမှာအကောက်ကျစ်ဆုံး
ယုတ်မာပြီး ဉာဏ်များချင်တာ
ထာဝရဆိုတာအတိအကျမတွေ့
ဘယ်ချိန်သေမယ်မှန်းမသိရသရွေ့
ကမ္ဘာကြီးကိုငါ ကြည့်မ၀သေး
မသေဆေးတွေပေါ်တဲ့နေ့မှာ
လူသားတစ်ယောက်အဖြစ်ရှိပါရစေ
I Need
More Life
More Life Oh..Oh....Oh...
More Life
More Life Oh..Oh....Oh...
ဒီဘဝတစ်ခုနဲ့ငါ့မှာပြည့်စုံမလုံလောက်ဘဲ
လူလောကကြီးရဲ့အလယ်
I Need
More Life
More Life Oh..Oh....Oh...
More Life
More Life Oh..Oh....Oh...
အသက်တို့ကရှူမဝပါ
ခုန်နေတဲ့ ငါ့နှလုံးသား…..