menu-iconlogo
huatong
huatong
avatar

နာကျည်းခဲ့ပါသည်

Joe Layhuatong
nikarazohuatong
歌詞
レコーディング
လေပြည်ညင်းရယ်အလွမ်းရယ်

မျက်ရည်တွေနဲ့ပူဆွေးတဲ့ရှိုက်သံများ

ဟိုအရင်က အတိတ်ဟောင်းကို

အသက်သွင်းခဲ့သံလား

ငိုသံလေးရယ်ကြားတယ် ခုချိန်ထိလည်း

ငါ့ရဲ့နားထဲမှာ

အရာရာအရင်တိုင်း

မနေ့ကလိုပဲအချစ်...ရာ

တကယ်ဆိုအစောကတည်းက

မတွေ့ရင်ပိုကောင်းမှာ

လွန်ဆန်လို့မရတဲ့နှလုံးသားရဲ့

သဘောတိုင်း အလိုကျ

ဒါဏ်ရာတို့နဲ့လမ်းခွဲကျောခိုင်းခဲ့

အချစ်တစ်ခုရဲ့နောက်မှာ

အသည်းထဲဒါဏ်ရာ

စွဲကျန်ခဲ့တာပါ

အတူတူထိုင်တဲ့ခုံလေးရယ်

ဆေးရောင်မှိန်သွားလည်း

နင်မပါတောင်ငါရောက်ဖြစ်သေးတယ်

အချစ်ရယ်

မဆုံတာမမြင်တာကြာသွားလည်း

အမြဲရင်မှာရှိတယ်

နင်ပျော်နေပါတော့ချစ်သူရယ်

အိမ်ပြန်ချိန်လေးကိုစတင် အသက်မပါတဲ့

ခြေလှမ်းများ လှမ်းချိန်မှာ

သူ့နှုတ်ခမ်းမှာ အပြုံးရယ် မတွေ့ရပါလား

ကိုယ်စီ ဝေးကွာ အဝေးမှာ

တစ်ယောက်တစ်နေရာက

သတိတို့ရလည်း ခဏခဏပါ

အချိန်တန်တော့လည်း သူစိမ်းဖြစ်လို့သွား...မှာ

တကယ်ဆိုအစောကတည်းက

မတွေ့ရင်ပိုကောင်းမှာ

လွန်ဆန်လို့မရတဲ့နှလုံးသားရဲ့

သဘောတိုင်း အလိုကျ

ဒါဏ်ရာတို့နဲ့လမ်းခွဲကျောခိုင်းခဲ့

အချစ်တစ်ခုရဲ့နောက်မှာ

အသည်းထဲဒါဏ်ရာ

စွဲကျန်ခဲ့တာပါ

အတူတူထိုင်တဲ့ခုံလေးရယ်

ဆေးရောင်မှိန်သွားလည်း

နင်မပါတောင်ငါရောက်ဖြစ်သေးတယ် အချစ်ရယ်

မဆုံတာမမြင်တာကြာသွားလည်း

အမြဲရင်မှာရှိတယ်

နင်ပျော်နေပါတော့ချစ်သူရယ်

အတူတူထိုင်တဲ့ခုံလေးရယ်ဆေးရောင်မှိန်သွားလည်း

နင်မပါတောင်ငါရောက်ဖြစ်သေးတယ် အချစ်ရယ်

မဆုံတာမမြင်တာကြာသွားလည်း

အမြဲရင်မှာရှိဆဲ

နင်ပျော်နေပါတော့ချစ်သူရယ်

Joe Layの他の作品

総て見るlogo