menu-iconlogo
huatong
huatong
avatar

ဇာတ်တော်ထဲမှာအလွမ်းဆုံး

Khin Maung Htoohuatong
sistagodthemoviehuatong
歌詞
レコーディング
သီချင်း - ဇာတ်တော်ထဲမှာအလွမ်းဆုံး

တေးဆို - ခင်မောင်ထူး

လွမ်းစရာလေးတွေချန်ပြီး

အဝေးဆုံးခရီး မင်းသွားမလား

သွားတော့မလားကွယ်

ချစ်သူ သိပ်ရက်စက်တယ်

လိုက်ခဲ့ချင်တယ်မင်းရဲ့နောက်

ရွှေကိန္ဒရီမလေး

ဒွေးမယ်နော်ချစ်လေး

တို့သိပ်ချစ်တဲ့အကြောင်းလေးများ

မင်းစဉ်းစား

အကြင်နာစကားလေးတွေ

ချစ်ကတိတွေအမြဲသတိရ

တစ်ယောက်တည်းဆွေး

ကိုယ့်ရဲ့ချစ်သူငွေတောင်ပြည်ပြန်သွား

ဇာတ်ထဲမှာတော့ အို မင်းသားလေးငို

ဒီအခန်းဟာ အလွမ်းဆုံးဟေ့

လွမ်းရသူကြာရင်သေလိမ့်မယ်

ချစ်လို့အားမရသေးဘူး

နှလုံးသားလေးထိခိုက်

လိုက်ခဲ့ပါရစေငွေတောင်ပြည်အထိလေ

ချစ်မျက်ရည်ပုလဲနု မကြည့်ရက်ဘူး

နှုတ်ဆက်သူအချစ်လေး

ဒွေးမယ်နော်အချစ်လေး

တို့သိပ်ချစ်တဲ့အကြောင်းလေးများ

မင်းစဉ်းစား

အကြင်နာစကားလေးတွေ

ချစ်ကတိတွေအမြဲသတိရ

တစ်ယောက်တည်းဆွေး

ကိုယ့်ရဲ့ချစ်သူငွေတောင်ပြည်ပြန်သွား

ဇာတ်ထဲမှာတော့ အို မင်းသားလေးငို

ဒီအခန်းဟာ အလွမ်းဆုံးဟေ့

လွမ်း လွမ်းလိုက်တာအချစ်လေး

အဆွေးကြီးဆွေး မင်းမရှိလို့

မင်းနောက်လိုက်ခဲ့မယ် ချက်ချင်း

မင်းရှိတဲ့ယူဇနာ တစ်သောင်း

ယူဇနာ တစ်သိန်း ယူဇနာ တစ်သန်း

ဘယ်လောက်ဝေး အို့

တစ်ယောက်တည်းဆွေး

ကိုယ့်ရဲ့ချစ်သူငွေတောင်ပြည်ပြန်သွား

ဇာတ်ထဲမှာတော့ အို မင်းသားလေးငို

ဒီအခန်းဟာ အလွမ်းဆုံးဟေ့

တစ်ယောက်တည်းဆွေး

ကိုယ့်ရဲ့ချစ်သူ ငွေတောင်ပြည်ပြန်သွား

ဇာတ်ထဲမှာတော့ အို မင်းသားလေးငို

ဒီအခန်းဟာ အလွမ်းဆုံးဟေ့

Khin Maung Htooの他の作品

総て見るlogo