menu-iconlogo
huatong
huatong
avatar

ပိတောက်လမ်း

Myint Zu Thinhuatong
nathomasnahuatong
歌詞
レコーディング
သီချင်း - ပိတောက်လမ်း

တေးဆို - Myint Zu Thin

အို ……

ကိုယ်တစ်ယောက်တည်း

ပိတောက်လမ်းဝယ်

လျှောက်စမ်းချင်ပါတယ်

တစ်လွင့်လွင့်ကြွေ

ပန်းခြွေခြွေရွှေရည်လျှမ်းပေတယ်

စမ်းရေကျသံသာမောဖွယ် …

တီးတိုးရယ်သံကိုယ့်ကို

လှောင်လေသလားကွယ်

ထုံသင်းကြိုင်လှောက်

ရွှေပိတောက်ချိုကြည်ကြည်ရယ်

ငိုရယ်ငိုရယ်စသလား

ကိုယ့်အပါးထံလွင့်လွင့်ပျံတယ်

အတိတ်ရယ်ဇာတ်ကြောင်း

ပြန်ပြောင်းမပြောလိုပါဘူးကွယ်

ချစ်သူချင်းဆုံပန်းရဂုံအလယ်

ချစ်သူခွါပြေးဟိုအဝေးနယ်

တစ်လွင့်လွင့်ကြွေ

ပန်းခြွေခြွေရွှေရည်လျှမ်းပေတယ်

စမ်းရေကျသံသာမောဖွယ်

တီးတိုးရယ်သံ

ကိုယ့်ကိုလှောင်လေသလားကွယ်

ထုံသင်းကြိုင်လှောက်

ရွှေပိတောက်ချိုကြည်ကြည်ရယ်

ငိုရယ်ငိုရယ်စသလား

ကိုယ့်အပါးထံလွင့်လွင့်ပျံတယ်

အတိတ်ရယ်ဇာတ်ကြောင်း

ပြန်ပြောင်းမပြောလိုပါဘူးကွယ်

ချစ်သူချင်းဆုံပန်းရဂုံအလယ်

ချစ်သူခွါပြေးဟိုအဝေးနယ်

သြော်လတန်ခူးပေမို့

မြအဖူးတွေသစ်သစ်ဝေတယ်

အချစ်ရေအချစ်ရေလို့

ကိုယ်ကခေါ်ခေါ်ပေမဲ့လည်း

မင်းကတော့မကြားပါဘူးကွယ်

အချစ်ပဲ့တင်သံရိုက်ခတ်ပြန်လေတော့

တိမ်ယံထက်ဆီက

ငှက်မြည်သံပေးတယ်

အဝေး.အဝေး

အဝေး..အဝေးတဲ့

အတွေးနယ်ကျယ်

အဆွေးနယ်ဝယ်

အဆွေးသည်

ကိုယ်တစ်ယောက်တည်းပါကွယ်

ဘဝခရီးတစ်စမနီး

ဘဝခရီးဆက်ပြီးနှင်ရပေဦးမယ်

အို

ကိုယ်တစ်ယောက်တည်း

ပိတောက်လမ်းဝယ်

လျှောက်စမ်းချင်ပါတယ်

Myint Zu Thinの他の作品

総て見るlogo