မွေးမေကျေးဇူးဆပ်ဖူးချင်တယ်
ရေး>အောင်ကျော်ထွန်း >ဆို> ဟင်္သတထွန်းရင်
[bracketed] မွေး မွေးမေ ကျေးဇူး
ဆပ်ဖူး ချင်တယ်လေ
ဝေး တစ်မြေဆီ ခြားလို့
ဝေးကွာ ခဲ့ပေ
သားချစ်တဲ့ မွေး မေမေ
သားချစ်တဲ့ မွေး မေမေ
ခေါ်ယောင် မျှော်ယောင် မှန်း
သားအပြန်လမ်းကို မှန်းလို့ ကြိုနေ
လွမ်း မျက်ရည် ဝေ
ထင်ယောင် မြင်ယောင် မိနေ
ကျေးဇူးကန်းတဲ့ သားမိုက် ရယ်လို့
အမေ တွေးနေ မလားလေ
[bracketed] သားအတွက် ရတက်မအေး ရှာလို့
စာကလေးတွေ ရေးကာ ပို့နေ
တစ်နယ် တစ်ရပ် တစ်ကျေးမှာ
လိမ္မာစမ်းပါ သားရေ
လိမ္မာစမ်းပါ သားရေ
ကြီးမားလှတဲ့ အမေ့ ကျေးဇူးတွေ
သား ဆပ်ဖူး ချင်တယ်လေ
မွေးမေ ကျေးဇူး
ဆပ်ဖူး ချင်တယ်လေ
[bracketed] ဥမမယ် စာ မမြောက်
အရွယ် ရောက်ခဲ့သည့်တိုင် မသွေ
မှဲ့တစ်ပေါက် မစွန်းရ အောင်လို့
ကျွေးမွေး ပြုစု ယုယ ရှာပေ
သားကို ချစ်တဲ့ မွေး မေမေ
သား ချစ်တဲ့ မွေး မေမေ
[bracketed] တွေးလေလေ ဆွေး မပြေဘူး
သားရေခေါ်လို့ မထူးနိုင်တဲ့ အခြေ
မိဘမေတ္တာ ဆိုတာ
အစုန်သာရှိ အဆန် မရှိပေ
ကိုယ်တွေ့ ကြုံမှ နောင်တရနေ
ခုနေခါ ကလေးလေး အဖြစ်နဲ့
မေမေ့ရင်ခွင် တိုးဝင် ပြီးတော့
နွဲ့ဆိုး ဆိုးချင် ပေမဲ့
မဖြစ်နိုင် တော့တဲ့ အခြေ
မွေး မွေးမေ ကျေးဇူး
ဆပ်ဖူး ချင်တယ်လေ
ဝေး တစ်မြေဆီ ခြားလို့
ဝေးကွာ ခဲ့ပေ
သားချစ်တဲ့ မွေး မေမေ
သားချစ်တဲ့ မွေး မေမေ
[bracketed] မွေး မွေးမေ ကျေးဇူး
ဆပ်ဖူး ချင်တယ်လေ
ဝေး တစ်မြေဆီ ခြားလို့
ဝေးကွာ ခဲ့ပေ
သားချစ်တဲ့ မွေး မေမေ
သား ချစ်တဲ့ မွေးမေမေ
[bracketed] ခေါ်ယောင် မျှော်ယောင် မှန်း
သားအပြန်လမ်းကို မှန်းလို့ ကြိုနေ
လွမ်း မျက်ရည် ဝေ
ထင်ယောင် မြင်ယောင် မိနေ
ကျေးဇူးကန်းတဲ့ သားမိုက် ရယ်လို့
အမေ တွေးနေ မလားလေ
[bracketed] သားအတွက် ရတက်မအေး ရှာလို့
စာကလေးတွေ ရေးကာ ပို့နေ
တစ်နယ် တစ်ရပ် တစ်ကျေးမှာ
လိမ္မာစမ်းပါ သားရေ
လိမ္မာစမ်းပါ သားရေ
ကြီးမားလှတဲ့ အမေ့ ကျေးဇူးတွေ
သား ဆပ်ဖူး ချင်တယ်လေ
မွေးမေ ကျေးဇူး
ဆပ်ဖူး ချင်တယ်လေ
[bracketed] ဥမမယ် စာ မမြောက်
အရွယ် ရောက်ခဲ့သည့်တိုင် မသွေ
မှဲ့တစ်ပေါက် မစွန်းရ အောင်လို့
ကျွေးမွေး ပြုစု ယုယ ရှာပေ
သားကို ချစ်တဲ့ မွေး မေမေ
သား ချစ်တဲ့ မွေးမေမေ
[bracketed] တွေးလေလေ ဆွေး မပြေဘူး
သားရေခေါ်လို့ မထူးနိုင်တဲ့ အခြေ
မိဘမေတ္တာ ဆိုတာ
အစုန်သာရှိ အဆန် မရှိပေ
ကိုယ်တွေ့ ကြုံမှ နောင်တရနေ
ခုနေခါ ကလေးလေး အဖြစ်နဲ့
မေမေ့ရင်ခွင် တိုးဝင် ပြီးတော့
နွဲ့ဆိုး ဆိုးချင် ပေမဲ့
မဖြစ်နိုင် တော့တဲ့ အခြေ
မွေး မွေးမေ ကျေးဇူး
ဆပ်ဖူး ချင်တယ်လေ
ဝေး တစ်မြေဆီ ခြားလို့
ဝေးကွာ ခဲ့ပေ
သားချစ်တဲ့ မွေး မေမေ
သားချစ်တဲ့ မွေး မေမေ