menu-iconlogo
huatong
huatong
avatar

သို့ သူငယ်ချင်း

Phyo Pyae Sonehuatong
AyeHtutKohuatong
歌詞
レコーディング
.....Intro....

3

2

1

လူဆိုတာယဥ်ကျေးမှုရှိရတယ်

သူမင်းနဲ့မပတ်သတ်ချင်တာလည်း

မင်းသိပါတယ်

တကယ်ချစ်ရင် ပြန်လာမှာပေါ့

သူငယ်ချင်းရယ်

သူတစ်ပါးစိတ်ချမ်းသာရေး

မင်းလည်းကုသိုလ်ရပါတယ်

လူဆိုတာရည်မှန်းချက်ရှိရတယ်

မင်းအရမ်းချစ်မိလို့

မမေ့နိုင်တာလည်း သိပါတယ်

ဒီအတိုင်းဆို မဖြစ်ဘူး

သူငယ်ချင်းရယ်

မင်းချစ်ခဲ့ပြီးပြီပဲ

စိတ်လျှော့လိုက်တာကောင်းပါတယ်

သူပျော်တာလေးပဲတွေ့ရင်

ကျေနပ်တယ်ဆို

မင်းပြောတော့

ရယူခြင်းဟာ အချစ်မဟုတ်ဘူးဆို

ဒါဆို မင်းဝမ်းနည်းမနေနဲ့

သူ့ရဲ့အပြုံးတွေ မြင်ရလို့....

သူဆိုတာ မင်းအတွက်

ကောင်းကင်ကြီးတစ်ခုဆို

ဘာကြောင့်မို့

ကောင်းကင်ကြီးကို

ဘောင်ခတ်သလို

မင်းလုပ်ပစ်မှာလဲ

မင်းနဲ့အဝေးဆုံးသွားတဲ့သူကို .....

လူဆိုတာ အနာဂတ်တစ်ခုရှိရတယ်

မင်းလမ်းမတွေ့တော့လို့

ပျောက်နေတာလည်း သိပါတယ်

ဒီအတိုင်းဆို မဖြစ်ဘူး

သူငယ်ချင်းရယ်

မင်းပေးဆပ်ခဲ့ပေမယ့်

အရှုံးပဲရတာများပါတယ်....

သူပျော်တာလေးပဲတွေ့ရင်

ကျေနပ်တယ်ဆို

မင်းပြောတော့

ရယူခြင်းဟာ အချစ်မဟုတ်ဘူးဆို

ဒါဆို မင်းလည်းထပ်မငိုနဲ့

သူ့ရဲ့အပြုံးတွေ မြင်ရလို့....ဟေး..ရေး

သူဆိုတာ မင်းအတွက်

ကောင်းကင်ကြီးတစ်ခုဆို

ဘာကြောင့်မို့

ကောင်းကင်ကြီးကို

ဘောင်ခတ်သလို

မင်းထပ်လုပ်မှာလဲ

မင်းနဲ့အဝေးဆုံးသွားတဲ့သူကို .....ဟေးရေး

မင်းထပ်ချစ်မှာလဲ .....

မင်းနဲ့အဝေးဆုံးသွားတဲ့သူကို ..

Phyo Pyae Soneの他の作品

総て見るlogo