menu-iconlogo
huatong
huatong
歌詞
レコーディング
Still the one

Just a moment

အခိုက်အတန့်လေးများ

ပျောက်ကွယ်ကာသွား yeah

ခဏလောက်ပဲ မင်းလေးရောက်လာပြီး

ခဏလေးအတွင်းပဲ မင်းထွက်ခွာသွားခဲ့တယ်

တိမ်ဆိုင်လေးများလိုပဲ

(မျောလွင့်ခဲ့တို့ရဲ့အမှတ်တရတွေ)

လေပြေလေးများလိုပဲ

(ဟိုးအဝေးးဆုံးထိပျံသွားတော့)

အချိန်တွေတိုက်စားသွားလည်း

ဘယ်လိုပင်ဝေးသွားလည်း ငါလေမေ့လို့မရပါ

ဒီအချိန်ဒီအခိုက်အတန့်လေးကိုပြန်ရရှိဖို့

ငါ့စောင့်စားနေမှာ

သို့သော်လည်း အခုမှ

အရာရာအသစ်ကပြန်စဖို့ မဖြစ်တော့ပေမယ့်

သို့ပေမယ့်လည်းကွာ

ပြန်လိုချင်မိတဲ့ ဒီအခိုက်အတန့်လေးများကိုငါ

မမေ့နိုင်ဘူး

မင်းနဲ့ထပ်တူပါပဲကွာ မေ့မရဘူး

Just a moment ခဏလေးအတွင်းမှာ

တစ်ချိန်ကမင်းရော အရင်အတိုင်ပဲလား

ကံစီမံရာအတိုင်း တို့ဆုံတွေ့တဲ့အခါ

တစ်ချိန်ကအခိုက်အတန့်ကို သတိရပါ

Just a moment မင်းသိနိုင်မလား

Just a moment သတိရရဲ့လား

အခိုက်အတန့်လေးအတွင်းထဲမှာတွေ့

အခိုက်အတန့်လေးအတွင်းထဲ ချစ်ခဲ့

အခိုက်အတန့်လေးအတွင်းထဲမှာ

မထင်မှတ်ထားတာတွေ

ဖြစ်ခဲ့ပြီးတော့မှလမ်းခွဲ

အခိုက်အတန့်လေးအတွင်းထဲက

အမှတ်တရအားလုံး

အလွယ်လေးနဲ့မေ့လို့ငါမရခဲ့

အဖြစ်အပျက်တွေအားလုံး

လျှပ်စီးလက်သွားသလိုမျိုး

ခဏတာလေးနဲ့ အကုန်ပျောက်ကွယ်

ဒါဘာကြောင့်လဲ?

အသက်ရူရပ်မတန့်ချစ်ခဲ့လည်း

ပစ်ချပြီးတော့နင် အဝေးထွက်ပြေးခဲ့

မင်းပါးစပ်ကပြောတဲ့ လမ်းခွဲစကားက

ကျီစားနေတာပဲဖြစ်ပါစေ

မင်းအပေါ်ထားတဲ့

ငါ့အချစ်မေတ္တာတွေလည်း

ပြောင်းလဲခဲ့ပြီအတိတ်ဒဏ်ရာတွေ

ပြန်စဖို့မဖြစ်နိုင်တဲ့အချစ်ဇာတ်လမ်းလေး

တစ်ခါတစ်လေ တမ်းတပြီးတော့

ငါပြန်ကာတွေး

မင်းတစ်ယောက်အပေါ်မှာ ငါ့အချစ်မစစ်ခဲ့ရင်

အသေဆိုးနဲ့သေပါစေ

ကျိန်ဆိုကျိန်ရဲတယ်တောင်းဆိုတာတစ်ခုပဲ

အရင်လိုငါ့ဘေးနားပြန်လာပေး

အရင်ကတခုခုဆို ချစ်လို့စတိုင်း အူးယားပြီး

လက်မောင်းကိုကိုက်တဲ့ကလေးလေး

မမေ့နဲ့လို့မပြောချင် အခိုက်အတန့်လေးတွေ

လမ်းကြုံရင် သတိရပေးပါ Baby

Just a moment ခဏလေးအတွင်းမှာ

တစ်ချိန်ကမင်းရော အရင်အတိုင်းပဲလား

ကံစီမံရာအတိုင်း တို့ဆုံတွေ့တဲ့အခါ

တစ်ချိန်ကအခိုက်အတန့်ကို သတိရပါ

Just a moment မင်းသိနိုင်မလား

Just a moment သတိရရဲ့လား

Yeah အမှတ်တမဲ့လို့ပြောလို့ရတဲ့အခိုက်အတန့်

အမှတ်တရတွေ ဖြစ်ခဲ့တဲ့ moment

အမှတ်တမဲ့ဖွင့်ကြည့်မိတဲ့ gallery မှာ

အမှတ်တရတွေ အေးခဲသွားတယ် memories

ပေါင်းစပ်လို့မရတဲ့ chemistry နဲ့

မင်းသူငယ်ချင်းတွေကတော့ enemy

ကလေးရယ်မင်းကြိုက်တာလုပ်ပါ

မင်းဟာကိုယ့်ဘဝရဲ့ ဧကရီ

အမြဲတမ်းမင်းပဲမှန်တယ်

ကျန်တဲ့သူတွေမှားတယ်

ဘယ်သူတွေပြောပြောနားမလည်

ငါမင်းပြောတာပဲကြားတယ်

အသည်းကိုခွဲလို့ကစားမယ်ဆိုလည်း

မျက်လုံးကိုမှိတ်လို့ထားတယ်

မင်းလိုအပ်ချိန်တိုင်းသာဖုန်းဆက်လိုက်

ငါမင်းအတွက်ရှိနေပါ့မယ်

မင်းဘက်ကဖြစ်ချင်တာတွေ

ဖြစ်သင့်တာတွေကြားမှာ

ငါ့ဘက်ကခံစားချက်ကို နောက်ဆုတ်လို့ထားပါ

မင်းဘက်ကအဆင်ပြေရင်

ရှေ့ဆက်လို့သွားပါ

ငါ့ဘက်ကိုမကြည်နဲ့ မင်းအတွက်ပြတ်သားပါ

လောင်ကျွမ်းနေတဲ့ မျက်ဝန်းတွေကြားမှာ

တကယ်ဆိုရင်နှလုံးသားကို

ဦးနှောက်ကတားတာ

အခုတော့ခဏလေးကိုယ့်ရဲ့အနားမှာ

Just a moment

ပွေ့ဖက်လို့ထားပါ

တိမ်ဆိုင်လေးများလိုပဲ

လေပြေလေးများလိုပဲ

မင်းနဲ့ထပ်တူပါပဲကွာ

မေ့မရဘူး

Just a momentခဏလေးအတွင်းမှာ

တစ်ချိန်ကမင်းရော အရင်အတိုင်းပဲလား

ကံစီမံရာအတိုင်း တို့ဆုံတွေ့တဲ့အခါ

တစ်ချိန်ကအခိုက်အတန့်ကို သတိရပါ

Just a moment

(သတိရနေလား) just a moment

Just a moment ခဏလေးအတွင်းမှာ

တစ်ချိန်ကမင်းရော အရင်အတိုင်းပဲလား

ကံစီမံရာအတိုင်း တို့ဆုံတွေ့တဲ့အခါ

တစ်ချိန်ကအခိုက်အတန့်ကို သတိရပါ

Just a moment မင်းသိနိုင်မလား

Just a moment

Team 143/ChanMyae MgChoの他の作品

総て見るlogo

あなたにおすすめ

MOMENT by Team 143/ChanMyae MgCho - 歌詞&カバー