သီချင်း း L.D.R
တေးဆို း The Zero
အတူရည်ရွယ်ထားတဲ့ပျော်ရွှင်စရာအိမ်မက်တခုကို
ငါတည်ဆောက်ပေးမယ်အလှမ်းမဝေးတော့့ပဲ
တဖြည်းဖြည်းနဲ့လျှောက်ခဲ့ခြေရာများကမနည်းတော့ပဲ
မိုင်တွေဘယ်လောက်ဝေးဝေးအလွမ်းထန်နေတဲ့
ငါ့ရဲ့အသည်းကို ဘယ်အရာနဲ့ကုစားမလဲ
ဖြေသိမ့်ဖို့မတတ်နိုင်ခဲ့တော့ငါအမြဲဆုတောင်းမိတယ်
ဘယ်တော့မှနီးမှာလဲ
ဦးတည်တဲ့လမ်းပေါ်ရောက်မှ
ဆူးတွေနဲ့ဖဝါးကဒဏ်ရာ
မမှုပါဘူးကွာစိတ်ကိုတင်းထားလဲနင်ဖုန်းဆက်တိုင်းပဲ
တနေ့နေ့တွေ့နိုင်ဖို့ပြောနေရင်းက
အမြဲတမ်းပဲမျက်ရည်စကျလာတဲ့ငါ
အားတင်းထားတဲ့မင်းအမြဲပြောတဲ့ဒီစကား
ငါဆိုတာမင်းမရှိတဲ့ဘဝတခုအလယ်မှာ
စည်းခြားထားနေတဲ့ဒီရေမြေခြားက
လွမ်းဆွတ်တဲ့လှိုင်းဒဏ်ကြားမှာမျောပါရင်းက
သွေးအေးသွားမှာကိုကြောက်လို့နေလား
တကယ်ဆိုရင်နီးစပ်ဖို့ဝေးရတာပါ
အတူခိုလှုံဖို့အတွက် ပေရာထောင်ချီမြင့်တဲ့
ကောင်းကင်တခုငါဆောက်ပေးမယ်
အရိပ်ရဲ့အောက်မှာပဲချစ်သူနင်မှေးစက်လိုက်တော့ကွယ် ပျံသန်းပြီပဲ
ပြက္ခဒိန်တစ်ရွက်ပြီးတစ်ရွက် စာမျက်နှာတိုင်းကိုကြက်ခြေခတ်ကာ
ပြင်းနေတဲ့အလွမ်းဇာတ်အဆုံးမသတ်နိုင်သေးတော့ငါ
အမြဲဆုတောင်းမိတယ်
ဘယ်တော့မှနီးမှာလဲ
ဦးတည်တဲ့လမ်းပေါ်ရောက်မှ
ဆူးတွေနဲ့ဖဝါးကဒဏ်ရာ
မမှုပါဘူးကွာစိတ်ကိုတင်းထားလဲနင်ဖုန်းဆက်တိုင်းပဲ
တနေ့နေ့တွေ့နိုင်ဖို့ပြောနေရင်းက
အမြဲတမ်းပဲမျက်ရည်စကျလာတဲ့ငါ
အားတင်းထားတဲ့မင်းအမြဲပြောတဲ့ဒီစကား
ငါဆိုတာမင်းမရှိတဲ့ဘဝတခုအလယ်မှာ
စည်းခြားထားနေတဲ့ဒီရေမြေခြားက
လွမ်းဆွတ်တဲ့လှိုင်းဒဏ်ကြားမှာမျောပါရင်းက
သွေးအေးသွားမှာကိုကြောက်လို့နေလား