ယောက္ခမ 
Plug Pauk ft; Thuya 
Up.Shine:√ 
မိန်းမယူတာမှားပြီ 
ယောက္ခမအလွန် 
အနိုင်ကျင့်သည် 
ဒီမိန်းမကို 
ကွာရှင်းလိုက်ရင် 
ဘယ်လိုနေမလဲ 
ယောက္ခမဆိုတဲ့ 
အဖွားကြီး 
ဆွေ့ဆွေ့ခုန်နေတော့မည် 
ဒီသတင်းကြားရင် 
ဘုရားတရား 
တကာငိုရတော့မည် 
မိန်းမယူရင်သတိရှိပါ 
သူ့အမေကိုကြည့်ကြပါ 
ခဏတဖြုတ်စကားပြောရင် 
စိတ်သဘောထား 
ကောင်းလိုက်တာ 
အပြုံးတွေနဲ့ 
တန်ဆာဆင်ထားတဲ့ 
သူ့မျက်နှာဟာလပြည့်ပမာ 
အချိန်တွေနှစ်လကြာမှ 
သူ့အကြောင်းကိုသိရတာ 
ယောက္ခမဆိုတဲ့ဂုဏ်ပုဒ်ကို 
အလွဲသုံးစားလုပ်ကြတာ 
သားမက်ဖြစ်တဲ့ငါ့မျက်နှာ 
ဆယ်ပြားစေ့လောက်ရှိတော့တာ 
ဒါတွေကိုထားလိုက်ပါ 
အချိန်တန်ရင်တော့သိကြမှာ 
ယောက္ခမရက်စက်မှုကို 
ခံခဲ့ရတာနှစ်နဲ့ကြာ 
မိန်းယူပြီးစိတ်ပြောင်း 
ငါ့ဘဝကသိပ်မကောင်း 
လခထုတ်တဲ့ရက်ကြရင် 
ဆက်ဆံကေးကသိပ်ကောင်း 
ယောက္ခမကြီးထွက်လို့သွားဖို့ 
ဆုတောင်းရတာစိတ်မကောင်း 
ဟိုနားဒီနားသွားလာဖို့တောင် 
ငါ့အိတ်ကပ်ကဟောင်းလောင်း 
ကျွန်တော်ဘက်ကရပ်တည်မယ့်သူ 
တစ်ယောက်မှမရှိဘူး 
အဖွားကြီးကကျွန်တော်အပေါ် 
မျက်စိဆံပင်မွှေးစူး 
စကားကြီးစကားကျယ်နဲ့ 
ပြောနေလို့လည်းမထူးတော့ပါ 
ဝဋ်ရှိသမျှခံလိုက်ဦးပေါ့ 
ယောက္ခမရဲ့အရိပ်အောက်မှာ 
မိန်းမယူတာမှားပြီ 
ယောက္ခမအလွန် 
အနိုင်ကျင့်သည် 
ဒီမိန်းမကို 
ကွာရှင်းလိုက်ရင် 
ဘယ်လိုနေမလဲ 
ယောက္ခမဆိုတဲ့ 
အဖွားကြီး 
ဆွေ့ဆွေ့ခုန်နေတော့မည် 
ဒီသတင်းကြားရင် 
ဘုရားတရား 
တကာငိုရတော့မည် 
မိန်းမယူရင်သတိရှိပါ 
သူ့အမေကိုကြည့်ကြပါ 
ခဏတဖြုတ်စကားပြောရင် 
စိတ်သဘောထား 
ကောင်းလိုက်တာ 
အပြုံးတွေနဲ့တန်ဆာ 
ဆင်ထားတဲ့ 
သူ့မျက်နှာဟာလပြည့်ပမာ 
အချိန်တွေနှစ်လကြာမှ 
သူ့အကြောင်းကိုသိရတာ 
ယောက္ခမဆိုတဲ့ ဂုဏ်ပုဒ်ကို 
အလွဲသုံးစားလုပ်ကြတာ 
သားမက်ဖြစ်တဲ့ငါ့မျက်နှာ 
ဆယ်ပြားစေ့လောက် 
ရှိတော့တာ 
ဒါတွေကိုထားလိုက်ပါ 
အချိန်တန်ရင်တော့သိကြမှာ 
ယောက္ခမရက်စက်မှုကို 
ခံခဲ့ရတာနှစ်နဲ့ကြာ 
အဖွားကြီးဒုက္ခပေးတာ 
ညညဆိုအိပ်မရ 
ဘုမသိဘမသိနဲ့ 
အကျည်းတန်တဲ့ငါ့ရဲ့ဘဝ 
ကိုယ့်မိန်းနဲ့ကြည်နူးဖို့တောင် 
အချိန်ကသိပ်မရ 
မနက်ဆိုလည်းရုံးမတက်မှီ 
ဈေးသွားရတဲ့ဒုက္ခ 
အိပ်ပြန်ချိန်နောက်ကျရင်လည်း 
သူကအပြစ်ပြောတယ် 
အပြုံးမဲ့တဲ့မိန်းမမျက်နှာ 
လုံးဝမဟန်တာသိတယ် 
ယောက္ခမရဲ့ပွစိပွစိ 
အော်ငေါက်သံတွေရှိတယ် 
အိုပေါက်ကရတွေဆုံးမတတ်တဲ့ 
သူကိုငါစိတ်ညစ်တယ် 
အပေါင်းသင်းတွေကြား 
ရှက်လွန်းလို့ 
ခေါင်းကြီးငုံ့ထား 
မိန်းမယူပြီးစိတ်ညစ်ရတော့ 
အလုပ်ကသိပ်များ 
ယောက္ခမကိုကြောက်ရတဲ့ 
ကျွန်တော်ဇာတ်ထုပ်အား 
ကြောက်စရာကောင်း 
သူ့မျက်နှာကို 
လုံးဝမေ့လို့ထား 
တွေ့သမျှလူအိမ်ပေါ်ခေါ် 
ဆွေးနွေးကြမယ် 
ဓမ္မအကြောင်း 
ငါ့နားထဲကြားနေရတာ 
အတင်းအဖျင်းနဲ့ 
ဟိုဒီအကြောင်း 
ဈေးမသွားပဲအကြွေးစားတဲ့ 
သူ့ရဲ့အကျင့်ကမကောင်း 
ယောက္ခမဆိုကြောက်လှပါပြီ 
အမြန်ဆုံးပဲဘဝပြောင်း 
မိန်းမယူတာမှားပြီ 
ယောက္ခမအလွန် 
အနိုင်ကျင့်သည် 
ဒီမိန်းမကို 
ကွာရှင်းလိုက်ရင် 
ဘယ်လိုနေမလဲ 
ယောက္ခမဆိုတဲ့ 
အဖွားကြီး 
ဆွေ့ဆွေ့ခုန်နေတော့မည် 
ဒီသတင်းကြားရင် 
ဘုရားတရားတကာ 
ငိုရတော့မည် 
မင်းလည်းတော်တော့ 
ပါးစပ်ပိတ်လိုက် 
ကိုယ့်သမီးမျက်နှာ 
ငဲ့ကွက်လိုက် 
ထားသွားတော့နှပ်တွဲလွဲနဲ့ 
ဒုက္ခရောက်မယ်မှတ်လိုက် 
ကိုယ့်သားမက်ကိုချစ်ရ 
ကောင်းမှန်းမသိတဲ့ကိစ္စ 
ပတ်ဝန်းကျင်က 
ဝိုင်းပြောလည်း 
လုံးဝဖြေရှင်းမရ 
ဒီလိုပဲတစ်နေတစ်နေ့ 
ဖြစ်နေရတဲ့ဒေါသ 
အားလုံးသိအောင် 
အခုချိန်မှာ 
ကျွန်တော်ဆက်ပြီး 
ပြောပြ 
အဖွားကြီးမရှိတော့မှ 
ကျွန်တော်ရဲ့ဘဝအသစ်စ 
ဒီအချိန်ရောက်မှ 
ခင်ဗျားသမီးကို 
အစွမ်းကုန်ပဲချစ်ပြ 
မိန်းမယူတာမှားပြီ 
ယောက္ခမအလွန် 
အနိုင်ကျင့်သည် 
ဒီမိန်းမကို 
ကွာရှင်းလိုက်ရင် 
ဘယ်လိုနေမလဲ 
ယောက္ခမဆိုတဲ့ 
အဖွားကြီး 
ဆွေ့ဆွေ့ခုန်နေတော့မည် 
ဒီသတင်းကြားရင် 
ဘုရားတရားတကာ 
ငိုရတော့မည် 
Thank you so much 
Up.Shine Htet