menu-iconlogo
huatong
huatong
avatar

ခရစ္စမက်ည

ကိုင်ဇာhuatong
ဦးမင်းခန့်😎huatong
가사
기록
ခရစ္စမတ်ည

ရေး/ စောဘွဲ့မှူး

ဆို/ ကိုင်ဇာ

..........

Go

အသေ အချာကို ပြန်တွက်ကြည့်တော့

အသက် ဆယ့်နှစ်နှစ်မှာ

ဆောင်းတွင်းကြီး နှင်းဖွဲဖွဲမှာ

စောစောစီးစီး အိမ်ကိုလာ

ရွှေမင် ငွေမင်တွေ တဖိတ်ဖိတ်နဲ့

သူ့ရဲ့လက်ဆောင်

ခရစ္စမတ်ကတ် လှလှလေးတောင်

အခုတော့ ဟောင်းနေပြီ

.......

မင်းပေးတဲ့ ခရစ္စမတ်ကတ်လေးတွေ

ဟောင်းသွားပြီဆိုတော့

.........

မင်းပေးခဲ့ အချစ်အစအနလေးတွေ

မင်းမေ့သွား မှာပါ

...........

Go

အဖော်တွေအစုံအလင် နင်ဖိတ်ခဲ့တဲ့

ခရစ္စမတ် ညတစ်ညမှာ

အသည်းနှလုံး တံဆိပ် ခပ်နှိပ်ထားတဲ့

ကိတ်မုန့် အနီရောင်ကို

လူစုံချိန်မှာ ငွေဓားလေးနဲ့

မင်းတအားလှီးခဲ့တာ

အများ က လက်ခုပ်တီးကြတဲ့အခါ

ငါ့အတွက် စိုးရိမ် စရာ

...........

မင်းပေးတဲ့ ခရစ္စမတ်ကတ်လေးတွေ

ဟောင်းသွားပြီဆိုတော့

...........

မင်းပေးခဲ့ အချစ်အစအနလေးတွေ

မင်းမေ့သွား မှာပါ

.........

Go

နင်တကယ်ခင်ရင် လာခဲ့ပေါ့လို့

ပြောတဲ့ခရစ္စမတ်မှာ

အရေးလုပ်ဖိတ်တဲ့ နင့်ရဲ့စိတ်ကို

လေးစားနေတာငါ

ဘာတွေညာတွေ ငါ ပြောပြတော့

ရှက်တဲ့နင့်မျက်နှာ

မနေ့ကတစ်နေ့က တွေ့ခဲ့ကြသလို

သတိရမိနေတာ

........

မင်းပေးတဲ့ ခရစ္စမတ်ကတ်လေးတွေ

ဟောင်းသွားပြီဆိုတော့

.......

မင်းပေးခဲ့ အချစ်အစအန လေးတွေ

မင်းမေ့သွား မှာပါ။​

minKhent

ကိုင်ဇာ의 다른 작품

모두 보기logo