ကိုယ့်မြေကိုယ့်ရွာ 
တေးရေး - စိုးမင်း(ပန်းအိုင်) 
တေးဆို - ချမ်းမြေ့အောင် 
>>>Intro<<< 
လွမ်းရက်ရှည်ကြာညောင်းလို့ 
ဇာတိမြေအကြောင်းတွေးကာ 
ငေးကာရီဝေဝေလွမ်းလာ.. 
တို့တတွေအတူကစားခဲ့တဲ့ 
ရွာလမ်းကတမာတန်းရိပ်မှာ.. 
ပြေးလွှားဆော့ကစား 
မောလည်းမမောနိုင်ပါ 
သောကအပူအပင်ဆိုတာ 
မရှိခဲ့ပါဘူးဗျာရွာအလှသဘာဝ မမေ့နိုင်ဘူးရင်မှာအခွင့်သာ 
ရင်တော့အပြေးလှမ်းလာမှာ 
ဆီးကြိုပါလားအပေါင်းအသင်း 
တွေရာသြော်..ခုနေခုခါ 
မပြီးဆုံးတဲ့ ဘဝလမ်းပေါ်မှာ.. 
>>>>>>>>>>>>> 
လွမ်းရက်ရှည်ကြာညောင်းလို့ 
ဇာတိမြေအကြောင်းတွေးကာ 
ငေးကာရီဝေဝေလွမ်းလာ.. 
တို့တတွေအတူကစားခဲ့တဲ့ 
ရွာလမ်းကတမာတန်းရိပ်မှာ.. 
ပြေးလွှားဆော့ကစား 
မောလည်းမမောနိုင်ပါ 
သောကအပူအပင်ဆိုတာ 
မရှိခဲ့ပါဘူးဗျာရွာအလှသဘာဝ မမေ့နိုင်ဘူးရင်မှာအခွင့်သာ 
ရင်တော့အပြေးလှမ်းလာမှာ 
ဆီးကြိုပါလားအပေါင်းအသင်း 
တွေရာသြော်..ခုနေခုခါ 
မပြီးဆုံးတဲ့ ဘဝလမ်းပေါ်မှာ.. 
>>>>>>>>>>>>> 
ဘဝဆိုသည်မှာ... 
ခရောင်းလမ်းလည်းလျှောက် 
လှမ်းရမှာ  
ပန်းခင်းသောလမ်းကိုမျှော်မှန်းကာ.. 
အနိမ့်အမြင့်သံသရာဆိုတာ 
လောကကြီးရဲ့နိယာမတရားပါ.. 
လူဆိုတာဒီလောကဓံပန်းပန်ရမှာ 
သူငယ်ချင်းတို့ရေ ဘဝသမား 
တိုင်းရင်မှာသြော်..ကိုယ့်မြေ 
ကိုယ့်ရွာမလွမ်းလို့တော့ 
မဟုတ်ဘူးယုံပါ... 
>>>>>>>>>>>>> 
ဘဝဆိုသည်မှာ... 
ခရောင်းလမ်းလည်းလျှောက် 
လှမ်းရမှာ  
ပန်းခင်းသောလမ်းကိုမျှော်မှန်းကာ.. 
အနိမ့်အမြင့်သံသရာဆိုတာ 
လောကကြီးရဲ့နိယာမတရားပါ.. 
လူဆိုတာဒီလောကဓံပန်းပန်ရမှာ 
သူငယ်ချင်းတို့ရေ ဘဝသမား 
တိုင်းရင်မှာသြော်ကိုယ့်မြေ 
ကိုယ့်ရွာမလွမ်းလို့တော့ 
မဟုတ်ဘူးယုံပါ... 
  ကျေးဇူးတင်ပါတယ်