menu-iconlogo
huatong
huatong
avatar

အကြင်နာအိပ်မက်

ချမ်းချမ်းhuatong
🌟ayekyaw🌟🙇huatong
가사
기록
အကြင်နာအိပ်မက်

အကြင်နာရယ်ရီဝေတဲ့အပြုံးလေးများကြားမှာ

ယစ်မူးရင်းနဲ့သာ

ရင်ခုန်သံများ ကာရန်စည်းချက်မှား

ဒါအိပ်မက်လား ရင်ထဲ တို့

သိပ်မောတယ်

အကြင်နာရဲ့သာယာတဲ့စကားလေးများကြားမှာ

ကိုယ်ရုန်းထွက်မရပါ

အကြင်နာရင်ထဲ တကယ်မချစ်ပါပဲ

ဟန်ဆောင်နေမှန်း သိထားလည်း

အို ချစ်တယ်

တို့အိပ်မက်လေးမက်သလိုပဲ

အချစ်ဆုံးချစ်သူရယ် အိပ်မက်လို

ပျောက်သွားမှာကို

တို့ရင်မှာသိပ်ကြောက်နေတယ်

ကြေကွဲရမှာလဲ သိထားတော့

အိုး ဆွေးသွားတယ်

အကြင်နာရယ်ဒီလိုဆိုသိပ်ရက်စက်လွန်းတယ်

တို့အသဲလေးကွဲမယ်

အကြင်နာတစ်ယောက်ထဲ ရင်မှာချစ်နေမယ်

မပိုင်ဆိုင်ရမှန်း သိထားလည်း

အို ချစ်တယ်

တို့အိပ်မက်လေးမက်သလိုပဲ

အချစ်ဆုံးချစ်သူရယ်

အိပ်မက်လို ပျောက်သွားမှာကို

တို့ရင်မှာသိပ် ကြောက်နေတယ်

ကြေကွဲရမှာလဲ သိထားတော့

အိုး ဆွေးသွားတယ်

အကြင်နာရယ်ဒီလိုဆို

သိပ်ရက်စက်လွန်းတယ်

တို့အသဲလေးကွဲမယ်

အကြင်နာတစ်ယောက်ထဲ ရင်မှာချစ်နေမယ်

မပိုင်ဆိုင်ရမှန်း သိထားလည်း

အို ချစ်တယ်

ချမ်းချမ်း의 다른 작품

모두 보기logo