menu-iconlogo
huatong
huatong
avatar

ရွာကြီးသူစံပယ်နွဲ့

ညီရဲထိုက်huatong
biosh0ckhuatong
가사
기록
ရွာကြီးသူစံပယ်နွဲ့

ဆို ညီရဲထိုက်

ရွာကြီးသူ စံပယ်နွဲ့

လာခဲ့ပါတစ်ကယ်ရွာကိုကွယ်

ပေါ်လာနိုးမျှော်ကိုးပေမယ့်ကွယ်. .

တစ်မိုးကွယ်ပျောက် တစ်ဆောင်းရောက်ကာမြူး

ခါနွေကူးပြန်တော့ လေရူးငယ်ဆော်...

ရွှေကံ့ကော် ကြိုင်လျှန်း

မြေတသန့်ပေါ် ခိုင်ပန်း

ဂနိုင်နန်းတင့်လေပြီခင်ရေ

သဇင်ခွေသုတ်လေနှော ဥရွှေသြက

တွန်သံသာတယ်..

ပုရစ်ဖူးရွှင်မြူတဲ့အခါဝယ်

လာလမ်းကမှန်းဆကြိုပါ့မယ်

ဆောင်း မိုး နွေ ပြောင်းလွင့်

အကြောင်းမသင့်လို့ထင်တယ်လေကွယ်

ရွာကြီးသူရယ် နွေရက်ကုန်ကျွမ်း

ယွန်းစတဲ့ခါဝသန်...

ရပ်ရှစ်ထံ ရစ်ခြံယှက်သိုင်း

အုံ့ကာသာ မှိုင်းခြယ်...

လာမယ်ဆိုရင် စိမ်းစိုစိုတမာတန်း

ရွာလမ်းဖွေးဖွေးကကြိုမယ်....

ကျောင်းဝန်းကျင်ခရေပင်ရိပ်ဝယ်

မောင်ကြီးချွေးသိပ်ပေးပါ့မယ်

ဆောင်း မိုး နွေ ပြောင်းလွင့်

အကြောင်းမသင့်လို့ထင်တယ်လေကွယ်

ရွာကြီးသူရယ် နွေရက်ကုန်ကျွမ်း

ယွန်းစတဲ့ခါဝသန်...

ရပ်ရှစ်ထံ ရစ်ခြံယှက်သိုင်း

အုံ့ကာသာ မှိုင်းခြယ်..

လာမယ်ဆိုရင် စိမ်းစိုစိုတမာတန်း

ရွာလမ်းဖွေးဖွေးကကြိုမယ်....

ကျောင်းဝန်းကျင်ခရေပင်ရိပ်ဝယ်

မောင်ကြီးချွေးသိပ်ပေးပါ့မယ်

မိုးရူး..လေထန်

ဒေါသမာန်ဟုန်ထစ်ခါချုန်း..ရင်

မောင်ကြီးရင်ခွင်ထဲ ပုန်းတတ်သူရယ်

မိုးရူး..လေထန်

ဒေါသမာန်ဟုန်ထစ်ခါချုန်း..ရင်

မောင်ကြီးရင်ခွင်ထဲ ပုန်းတတ်သူရယ်

ပြုံးပြကာရယ် ချမ်းတယ်အေးတယ်ဆိုရှာတယ်

စံပယ် စံပယ် စံပယ်နွဲ့ရယ်

အဲ့ဒီ့တုန်းက မောင်ကြီးချော့ခဲ့တယ်

လည်တံမော့မော့နဲ့ရယ်

မောင်ကြီးမျက်နှာ ကြည့်ရတာအမော ကွယ်

မိုးရူး လေထန် ဒေါသမာန်ဟုန်ထစ်ကာချုန်းရင်

မောင်ကြီးရင်ခွင်ထဲ ပုန်းတတ်သူရယ်

မိုးရူး လေထန် ဒေါသမာန်ဟုန်ထစ်ကာချုန်းရင်

မောင်ကြီးရင်ခွင်ထဲ ပုန်းတတ်သူရယ်

ပြုံးပြကာရယ် ချမ်းတယ်အေးတယ်ဆိုရှာတယ်

စံပယ် စံပယ် စံပယ်နွဲ့ရယ်

အဲ့ဒီ့တုန်းက မောင်ကြီးချော့ခဲ့တဏယ်

လည်တံမော့မော့နဲ့ရယ်

မောင်ကြီးမျက်နှာ ကြည့်ရတာအမော ကွယ်

ချောင်းရိုးက လေဆန်ရင်ကွယ်

ကောက်နှံတွေ သင်းထုံမွှေး..လို့ရယ်

လယ်ယာမြေ ဟိုဘက်ရိုးက ချိုးကူသံတွေရယ်

ခေတ်အသွင်အခြေပြောင်း

နှောင်းတစ်ခေတ်နဲ့မတူတယ်

ခရောင်းယာ မြေစာကျွေး

သုံးရာသီဘယ်မလပ် သီးထပ်စိုက်ကာသာကြွယ်

ရွာကြီးသူရယ် တို့ရွာသာယာမြင်စေချင်တယ်

ညီရဲထိုက်의 다른 작품

모두 보기logo