menu-iconlogo
huatong
huatong
avatar

တုံ့ပြန်ဖို့မလိုဘူးလား

တင့်တင့်ထွန်းhuatong
가사
기록
" တုံ့ပြန်ဖို့မလိုဘူးလား "

ဆို တင့်တင့်ထွန်း

တွယ်တာမှုတွေ ဖုံးလွှမ်းနေတဲ့

မင်းမျက်လုံးရဲ့ အကြည့်ကို

ပီတိလေးတွေ တစိမ့်စိမ့်ဖြာကာ

ရင်ခုန်သံကြား ခံစားမိတယ်

ကမ္ဘာမြေပြင်ရဲ့ အမြင့်ဆုံးတစ်နေရာ

ရောက်ရသလိုပဲ

ကြင်နေမှုတွေ အပြည့်အဝပါတဲ့

မင်းနှုတ်ခမ်းက စကားကို

သံသယကင်းစွာ တသိမ့်သိမ့်ရင်မှာ

နားဝင်ချိုအေး ပြန်ကြားမိတယ်

အသာယာဆုံး ချစ်ကဗျာကြောဝယ်

နစ်မျောသလိုပဲ ...

အိုး ... အဖိုးထိုက်တန်လှတဲ့

အချစ်ရဲ့ လက်ဆောင်

ထာဝရရက်ရက်ရောရော ပေးခဲ့ပြီးမှ

တုံ့ပြန်နှင်းမယ့် ကိုယ့်မေတ္တာ

ဘာကြောင့်များ လျစ်လျူရှုလို့ ထားခဲ့ရက်လဲ

တကယ်ဆို မင်းထက်မပိုရင်တောင်မှ

မလျော့တဲ့ ကိုယ့်အချစ်ပါ

တုံ့ပြန်ဖို့ မလိုဘူးလား ...

တွယ်တာမှုတွေ ဖုံးလွှမ်းနေတဲ့

မင်းမျက်လုံးရဲ့ အကြည့်ကို

ပီတိလေးတွေ တစိမ့်စိမ့်ဖြာကာ

ရင်ခုန်သံကြား ခံစားမိတယ်

ကမ္ဘာမြေပြင်ရဲ့ အမြင့်ဆုံးတစ်နေရာ

ရောက်ရသလိုပဲ

ကြင်နေမှုတွေ အပြည့်အဝပါတဲ့

မင်းနှုတ်ခမ်းက စကားကို

သံသယကင်းစွာ တသိမ့်သိမ့်ရင်မှာ

နားဝင်ချိုအေး ပြန်ကြားမိတယ်

အသာယာဆုံး ချစ်ကဗျာကြောဝယ်

နစ်မျောသလိုပဲ ...

အိုး ... အဖိုးထိုက်တန်လှတဲ့

အချစ်ရဲ့ လက်ဆောင်

ထာဝရရက်ရက်ရောရော ပေးခဲ့ပြီးမှ

တုံ့ပြန်နှင်းမယ့် ကိုယ့်မေတ္တာ

ဘာ့ကြောင့်များ

လျစ်လျူရှုလို့ ထားခဲ့ရက်လဲ

တကယ်ဆို မင်းထက်မပိုရင်တောင်မှ

မလျော့တဲ့ ကိုယ့်အချစ်ပါ

တုံ့ပြန်ဖို့ မလိုဘူးလား ... ...

တင့်တင့်ထွန်း의 다른 작품

모두 보기logo