menu-iconlogo
huatong
huatong
avatar

မေတ္တာမီးအိမ်

တွံတေးသိန်းတန်huatong
L🅰️Y_S🅾️Ehuatong
가사
기록
မေတ္တာမီးအိမ်

တွံတေးသိန်းတန်

ညမှောင်မှောင်

လမှောင်မှောင်

ကြယ်ရောင်သော် မလင်းတဲ့

ချိန်းခဲ့ကြ ညတုန်းကပေါ့ကွယ်

မောင်တစ်ယောက်တည်း

မြကန်သာ မြက်ခင်းနံဘေးကို

အတွေးတွေ ရင်မှာပိုက်ကာ

ဆိုက်ဆိုက်လာခဲ့မိတယ်

ချစ်သူ လာသောညက ငွေလသာပါတယ်

ချစ်သူ မလာသောခုည

ငွေလဘယ်ကို ရောက်နေသလဲကွယ်

လမင်းဘယ်ကို ရောက်နေသလဲကွယ်

ချစ်သူမုန်းလို့ ငွေလရယ် ပုန်းနေတာလားကွယ်

ထိုသော ခဏဝယ်

မီးအိမ်ငယ် မလင်းတလှည့် လင်းတလှည့်

တရွေ့ရွေ့လျှောက်သွား ပိုးစုန်းကြူးငယ်ငယ်

မီးအိမ်ကိုဆွဲ ညမှောင်မှောင်ထဲဝယ်

ချစ်သူပျောက်ကို အရှာသွားသည့်နှယ်

ကိုယ့်အဖြစ်လည်း သည်သို့သာပဲကွယ်

ရင်မှာပျိုးထား မေတ္တာနှောင်ငင်

မီးအိမ်ဆွဲလို့ သူ့ကိုပဲ ရှာခဲ့မိတယ်

ချစ်သူမလာသော ခုလိုညမျိုးမှာ

ချစ်စကား အလှတွေ

ဘယ်သူ့ထံပါး ပြောကြားရမလဲကွယ်

ရေပြင်ကို ပြောရမလား

ကောင်းကင်ကို ပြောရမလား

မြေလွှာကိုပဲ ပြောရမလားလေကွယ်

တစ်ယောက်ထဲ အတွေးကကြွယ်

ချစ်သူမလာသော ညတစ်ညဝယ်

ညမှောင်မှောင် လမှောင်မှောင်မို့

ချစ်သူလာသော ညက ငွေလသာပါတယ်

ချစ်သူ မလာသော ခုည

ငွေလ ဘယ်ကိုရောက်နေသလဲကွယ်

လမင်း ဘယ်ကိုရောက်နေသလဲကွယ်

ချစ်သူမုန်းလို့ ငွေလရယ် ပုန်းနေတာလားကွယ်

ချိန်းခဲ့ကြ ညတုန်းကပေါ့ကွယ်

မောင်တစ်ယောက်တည်း

မြကန်သာ မြက်ခင်းနံဘေးကို

အတွေးတွေ ရင်မှာပိုက်ကာ

ဆိုက်ဆိုက်လာခဲ့မိတယ်

ချစ်သူ လာသောညက ငွေလသာပါတယ်

ချစ်သူ မလာသောခုည

ငွေလဘယ်ကို ရောက်နေသလဲကွယ်

လမင်းဘယ်ကို ရောက်နေသလဲကွယ်

ချစ်သူမုန်းလို့ ငွေလရယ် ပုန်းနေတာလားကွယ်

ထိုသော ခဏဝယ်

မီးအိမ်ငယ် မလင်းတလှည့် လင်းတလှည့်

တရွေ့ရွေ့လျှောက်သွား ပိုးစုန်းကြူးငယ်ငယ်

မီးအိမ်ကိုဆွဲ ညမှောင်မှောင်ထဲဝယ်

ချစ်သူပျောက်ကို အရှာသွားသည့်နှယ်

ကိုယ့်အဖြစ်လည်း သည်သို့သာပဲကွယ်

ရင်မှာပျိုးထား မေတ္တာနှောင်ငင်

မီးအိမ်ဆွဲလို့ သူ့ကိုပဲ ရှာခဲ့မိတယ်

ချစ်သူမလာသော ခုလိုညမျိုးမှာ

ချစ်စကား အလှတွေ

ဘယ်သူ့ထံပါး ပြောကြားရမလဲကွယ်

ရေပြင်ကို ပြောရမလား

ကောင်းကင်ကို ပြောရမလား

မြေလွှာကိုပဲ ပြောရမလားလေကွယ်

တစ်ယောက်ထဲ အတွေးကကြွယ်

ချစ်သူမလာသော ညတစ်ညဝယ်

ညမှောင်မှောင် လမှောင်မှောင်မို့

ချစ်သူလာသော ညက ငွေလသာပါတယ်

ချစ်သူ မလာသော ခုည

ငွေလ ဘယ်ကိုရောက်နေသလဲကွယ်

လမင်း ဘယ်ကိုရောက်နေသလဲကွယ်

ချစ်သူမုန်းလို့ ငွေလရယ် ပုန်းနေတာလားကွယ်

ကျေးဇူးတင်ပါတယ်(လေးစိုး)

စာသားမူရင်းတင်သူကို Credit ပေးပါတယ်

တွံတေးသိန်းတန်의 다른 작품

모두 보기logo