menu-iconlogo
logo

ကြယ်တွေစုံတဲ့ည

logo
가사
ကြယ်တွေစုံတဲ့ ည

ကိုယ့်အိပ်မက်လေးရယ်

ကြယ်တွေစုံတဲ့ ည

ဘ၀မျှော်လင့်ခြင်းရယ်

ရင်ခုန်သံနဲ့ထုဆစ်ထားတဲ့

သီချင်းတွေလည်း

ရင်တွေကွဲသွားအောင်ဆိုနေဦးမယ်

ကြယ်တွေစုံတဲ့ ည

အဝေးအိမ်ကို လွမ်းတယ်

ကြယ်တွေစုံတဲ့ ည

ခရီးမိုင်တွေ ခြားဆဲ

ဒဏ်ရာတွေနဲ့ ရေးခြစ်ထားတဲ့

နေ့တွေလည်း

ကျော်လွန်သွားခဲ့ရင် ဒြို့ပန်ဆုံဦးမယ်

နာကျင်စွာတစ်ယောက်ထဲ

တရေးနိုးတဲ့ညတို့ မှောင်နေဆဲ

(မှောင်နေဆဲ)

အိမ်ပြန်ချင်ပေမယ့်

မပြီးဆုံးတမ်းအိပ်မက်ရှည်တွေနဲ့

(ရှည်တွေထဲ)

အိုး အို အမြဲတမ်းသတိရနေတယ်

ရှင်းပြလို.ပေးပါကွယ်

ကြယ်ပွင့်လေးရယ်

ငါ့..ရဲ့.. အကြောင်းတွေ

ကြယ်တွေစုံတဲ့ ည

ထပ်ကြုံရဦးမယ်

ကြယ်တွေ တကယ်စုံတဲ့ည

လှနေမှာပေါ့ ကွယ်

နေညိုညိုလမ်းလေးထက်နေ့စဉ်

စောင့်နေတယ်

မျှော်လင့်ခြင်းများရယ်

အိမ်ပြန်ချိန်များ ရယ်

နာကျင်စွာတစ်ယောက်ထဲ

တရေးနိုးတဲ့ညတို့ မှောင်နေဆဲ

(မှောင်နေဆဲ)

အိမ်ပြန်ချင်ပေမယ့်

မပြီးဆုံးတမ်းအိပ်မက်ရှည်တွေနဲ့

(ရှည်တွေထဲ)

အိုးအို အမြဲတမ်းသတိရနေတယ်

ရှင်းပြလို့ပေးပါကွယ်

ကြယ်ပွင့်လေးရယ်

ငါ့ ရဲ့ အကြောင်းတွေ

ကြယ်တွေစုံတဲ့ ည

ထပ်ကြုံရဦးမယ်

ကြယ်တွေ တကယ်စုံတဲ့ည

လှနေမှာပေါ့ကွယ်

နေညိုညိုလမ်းလေးထက်

နေ့စဉ်စောင့်နေမယ်

မျှော်လင့်ခြင်းများရယ်

အိမ်ပြန်ချိန်လေး

နေညိုညိုလမ်းလေးထက်

နေ့စဉ်စောင့်နေမယ်

မျှော်လင့်ခြင်းများရယ်

အိမ်ပြန်ချိန်များရယ်

ကြယ်တွေစုံတဲ့ည - ထူးအိမ်သင် - 가사 & 커버