အကြင်နာသခင်
️ပိုင်သက်ကျော်
ကဗျာဆန်တဲ့ဆောင်းညလေးမှာ
လရောင်ထိရာပွင့်လန်းလို့လာ
ပန်းမျိုးတစ်ရာ
ငွေနှင်းရည်ပက်ဖျန်းပေးတဲ့
ဆောင်းကိုကျေးဇူးတင်တယ်
ခွာညိုတွေကြိုင်လှိုင်သင်းရင်
ချစ်သူရှိရာပြန်ခဲ့ပါ့မယ် ထားကတိတွေ
တကယ်ချစ်လေတကယ်လွမ်းရတယ်
စကားကိုအကြွင်းမဲ့ယုံကြည်
အကြင်နာသခင်မင်းနဲ့ဝေးနေသူ
ပြန်မလာသူကိုစောင့်ကြိုနေတဲ့သူ
ပြန်ခွင့်မသာလို့အဝေးကလွမ်းနေသူ
ကျွန်တော်တို့နှစ်ယောက်ကို ဆုံခွင့်ပေးပါ
အကြင်နာသခင်ရယ်အပြစ်လို့မမြင်နဲ့နော်
တကယ်မချစ်လို့အဝေးခွဲသွားတာမဟုတ်ဘူး
အချစ်များနဲ့သာ အချစ်ဆုံးနားလည်
ဘယ်အခါမှတို့မမေ့ဘူး
အဟောင်းကိုစွန့်ခွာ အသစ်လည်းချစ်စရာ
အသည်းမရှိပါ
တို့အသည်းကိုပိုင်ထားတဲ့သူ
မင်းထံတို့အချစ်ကျန်နေ
အကြင်နာသခင်မင်းအမြဲဖြစ်စေမယ်
SOLO MUSIC
ကဗျာဆန်တဲ့ဆောင်းညလေးမှာ
လရောင်ထိရာပွင့်လန်းလို့လာ
ပန်းမျိုးတစ်ရာ
ငွေနှင်းရည်ပက်ဖျန်းပေးတဲ့
ဆောင်းကိုကျေးဇူးတင်တယ်
ခွာညိုတွေကြိုင်လှိုင်သင်းရင်
ချစ်သူရှိရာပြန်ခဲ့ပါ့မယ် ထားကတိတွေ
တကယ်ချစ်လေတကယ်လွမ်းရတယ်
စကားကိုအကြွင်းမဲ့ယုံကြည်
အကြင်နာသခင်မင်းနဲ့ဝေးနေသူ
ပြန်မလာသူကိုစောင့်ကြိုနေတဲ့သူ
ပြန်ခွင့်မသာလို့အဝေးကလွမ်းနေသူ
ကျွန်တော်တို့နှစ်ယောက်ကိုဆုံခွင့်ပေးပါ
အကြင်နာသခင်ရယ်အပြစ်လို့မမြင်နဲ့နော်
တကယ်မချစ်လို့အဝေးခွဲသွားတာမဟုတ်ဘူး
အချစ်များနဲ့သာ အချစ်ဆုံးနားလည်
ရီဝေတဲ့သူ့မျက်ဝန်းမှာမျက်ရည်ပုလဲတွေ
မြေသို့လွင့်ကြွေသွားကျပြီ
တကယ်ချစ်ရင်တကယ်ဝေးတဲ့အခါ
တို့ အတူအလွမ်းနဲ့ကိုယ်စီ
ပြန်ဆုံချိန်တစ်နေ့ကျပြုံးနိုင်မယ်