ဘဝသီချင်း (Unicode)
ဗစ်တာခင်ညို
ဘယ်မှာသောင်တင်မယ်အတိအကျမသိနိုင်
တို့ရဲ့မဝေးတော့တဲ့နေ့
အချိန်တွေကုန်သွားလဲ
မသေချာ တရွေ့ရွေ့
ဘဝဆိုတာတွေးကြည့်တော့မလွယ်
ရင်ဆိုင်ပြေးတွေ့ရုံပဲ
ဒဏ်ရာအရှုံးတွေနဲ့
အိမ်ပြန်မရောက်နိုင်ပြီ
တကယ်ကိုဘဝဆိုတာတွေးကြည့်သလောက်မလွယ်
တကယ်ကိုနက်ရှိုင်းခြင်း
အိုကြုံနေကြမှာပဲ အမြဲ
အဖြစ်ဆိုးတွေနဲ့
ဒီမရှောင်နိုင်ခဲ့သော
ဘဝကိုလက်ခံအိပ်တော့နော်ကလေး
ဒီမနက်လင်းရင်တော့ နေခြည်ထွန်းဦးမည်
ဒီအချိန်မှာစန္ဒာရောင်အလင်းနဲ့
ခဏလောက်အိပ်စက်လိုက်
ကိုမျှော်နေသောနေ့
သူအရောက်လာမယ်
ဒီအချိန်မှာစန္ဒာရောင်အလင်းနဲ့
ခဏလောက်အိပ်စက်လိုက်
အားငယ်နေသူ တွဲခေါ်မယ်
Solo
MUSIC
လူဟာစိတ်ဓာတ်ကျနေလိုက်ရင်
စိတ်ဓာတ်ကျကာဖေးမတဲ့သူနဲ့
အို ဒီကမ္ဘာမြေသဘောထား
မင်းမေ့မနေနဲ့
အို ဘဝဆိုတာတွေးကြည့်တော့မလွယ်
တကယ်ကိုနက်ရှိုင်းခြင်း
ကိုယ်အရှုံးတွေနဲ့သာထပ်နေလဲ
အပြုံးကလေးနဲ့
ဒီအချိန်မှာစန္ဒာရောင်အလင်းနဲ့
ခဏလောက်အိပ်စက်လိုက်
ကိုမျှော်နေသောနေ့
သူအရောက်လာမယ်
ဒီအချိန်မှာစန္ဒာရောင်အလင်းနဲ့
ခဏလောက်အိပ်စက်လိုက်
အားငယ်နေသူ တွဲခေါ်မယ်
အားငယ်နေသူ တွဲခေါ်မယ်
အားငယ်နေသူ တွဲခေါ်မယ်
fade Out
ကျေးဇူးတင်ပါတယ်