နှိုင်းတုစရာ မရှိသော မေတ္တာ
အမေ့ရဲ့ နွေးသော ရင်ခွင် ထဲကို
သမီး ပြန်လာခွင့် ရချင်ပြီ..
ညညဆို အမေ ချော့ သိပ်တဲ့
တေးသွား လေး တပုဒ်
ပြန်လည် ကြား ယောင်
အမေ့ကို ညတိုင်း ဦး ခိုက်ရင်း..
အမေ့ ကျေးဇူး တရား...
သမီး တစ်နေ့မှာ ပြန်ဆပ် ခွင့်ကိုသာ
သမီးဘဝမှာ မျှော်လင့် ထားဆုံး အရာ
လွမ်း လို့ရယ် မငိုလိုက်နဲ့ အမေ
မိဘမျက်ရည် ကြွေမှာ စိုးတယ်
သမီးလိမ္မာ တစ်ယောက် ဖြစ်ချင်တယ်..
အမေ့ အရိပ်ကို စွန့်သွား ခဲ့သူ
သမီးလည်း တစ်နေ့မှ မပျော်ပါဘူး အမေ
သမီး ယုံကြည်ချက် အနုပညာ
ဒီလမ်း ပေါ်မှာ..
ဘ၀ အဓိပ္ပါယ် ဆန်တဲ့ သီချင်းတွေဆို..
သမီး ဘ၀ ဟာ
တကယ်တော့ သီချင်း တစ်ပုဒ်ပါ..
ဒီ ကမ္ဘာ မှာ...
အစား ထိုးစရာ မရှိတဲ့ မေတ္တာ
ကမ္ဘာ တည်နေ..
ပုခက် လွှဲသော လက်ရှင် ကျေးဇူး ရှင်
အောင်မြင် ချိန်..
ရောက်တော့မယ့် မနက်ဖြန် တိုင်းမှာ
မေမေ ရယ်...
မငို ဖြစ်တဲ့ အလွမ်းနဲ့ ကြိုနှင့်ပါ...
ကျော သပ်ကာ အမေ ချော့ ခဲ့စဉ်
အပြစ်မဲ့ ကလေး ဘဝ
နှစ်ခါ ပြန်မရ တောင်
အမေ့ ရင်ခွင်နဲ့ မဝေး ချင် ဘူး..
အခု လောက်ဆို တစ်ယောက်တည်း အမေ့မှာ
သမီးတို့ ကျေးလက် စေတီ လေးမှာ
နေ့စဉ် ဆုတောင်း ပေးနေရှာ..
ရင်၌ဖြစ် သော...
သမီး အတွက်ရယ်
ရတက် မအေးတဲ့ အမေရယ်..
အမေ့ အရိပ်သာ
ထာဝရ အေးချမ်း တယ်..
လွမ်း လို့ရယ် မငိုလိုက်နဲ့ အမေ
မိဘမျက်ရည် ကြွေမှာ စိုးတယ်
သမီးလိမ္မာ တစ်ယောက် ဖြစ်ချင်တယ်...
အမေ့ အရိပ်ကို စွန့်သွား ခဲ့သူ
သမီးလည်း တစ်နေ့မှ မပျော်ပါဘူး အမေ
သမီး ယုံကြည်ချက် အနုပညာ
ဒီလမ်း ပေါ်မှာ...
ဘ၀ အဓိပ္ပါယ် ဆန်တဲ့ သီချင်းတွေဆို...
သမီး ဘ၀ ဟာ
တကယ်တော့ သီချင်း တစ်ပုဒ်ပါ...
ဒီ ကမ္ဘာ မှာ..
အစား ထိုးစရာ မရှိတဲ့ မေတ္တာ
ကမ္ဘာ တည်နေ...
ပုခက် လွှဲသော လက်ရှင် ကျေးဇူး ရှင်
အောင်မြင် ချိန်...
ရောက်တော့မယ့် မနက်ဖြန် တိုင်းမှာ
မေမေ ရယ်...
မငို ဖြစ်တဲ့ အလွမ်းနဲ့ ကြိုနှင့်ပါ...