သီချင်း - ခေတ်သစ်နွဲ့ဆိုးပျို
တေးဆို - Yarzar Win Tint
ကလေးလေးလိုဆိုးကာပို
နွဲ့ဆိုးလေးချစ်သူကို
ဘယ်လိုဆိုးဆိုး
တစ်မျိုးရယ်ပို
တိုးချစ်မဝပါနွဲ့ဆိုးပျို
နှုတ်ခမ်းလေးစူထားရင်ကို
နွဲ့ဆိုးလေးအလှတွေပို
ငြူစူစိတ်ကောက်သူ့မှာနဂို
အသည်းအေးစရာကြည့်မဝပါ
နွဲ့ဆိုး ခေတ်သစ်နွဲ့ဆိုး
ဘယ်လိုဆိုးဆိုး
နွဲ့ဆိုးလေးကိုရင်မှာလေ
တစ်စိမ့်စိမ့်အချစ်တွေပို
အပြုံးမျက်နှာအလှတွေပို
နွဲ့ဆိုးအလှကိုယ့်ရင်ဖို
အကြင်နာယမင်း
အလှချစ်သူကို
ရွှန်းလဲ့တေးပန်းချီနွဲ့ဆိုးပျို
အသည်းအေးကာအချစ်ချိုချို
နွဲ့ဆိုးလေးနှမမေပျို
လိုအင်အကြိုက်လိုက်
သဘောရယ်ပို
ဘဝတစ်သက်စာစွဲမက်စွာ
နွဲ့ဆိုးခေတ်သစ်နွဲ့ဆိုး
ကဗျာရေးဖွဲ့နွဲ့ဆိုးလေးကို
ရာဇဝင်တွင်ထူးခြားအချစ်တွေပို
ရင်ထဲကနွဲ့ဆိုးပျို
ဝေးသွားမှာစိုး
ရင်ထဲကနွဲ့ဆိုးပျို
ပျောက်ဆုံးသွားမှာစိုး
ရင်ထဲကနွဲ့ဆိုးပျို
ဝေးသွားမှာစိုး
ရင်ထဲက နွဲ့ဆိုးပျို
လှယမင်းလေးကိုယ့်ရဲ့နွဲ့ဆိုးပျို
ကလေးလေးလို
ဆိုးကာပို
နွဲ့ဆိုးလေးချစ်သူကို
ဘယ်လိုဆိုးဆိုး
တစ်မျိုးရယ်ပို
တိုးချစ်မဝပါနွဲ့ဆိုးပျို
နှုတ်ခမ်းလေးစူထားရင်ကို
နွဲ့ဆိုးလေးအလှတွေပို
ငြူစူစိတ်ကောက်သူ့မှာနဂို
အသည်းအေးစရာ
ကြည့်မဝပါ
နွဲ့ဆိုးခေတ်သစ်နွဲ့ဆိုး
ဘယ်လိုဆိုးဆိုး
နွဲ့ဆိုးလေးကို
ရင်မှာလေ
တစ်စိမ့်စိမ့်အချစ်တွေပို
ရင်ထဲကနွဲ့ဆိုးပျို
ဝေးသွားမှာစိုး
ရင်ထဲကနွဲ့ဆိုးပျို
ပျောက်ဆုံးသွားမှာစိုး
ရင်ထဲကနွဲ့ဆိုးပျို
ဝေးသွားမှာစိုး
ရင်ထဲကနွဲ့ဆိုးပျို
လှယမင်းလေး
ကိုယ့်ရဲ့နွဲ့ဆိုးပျို
ရင်ထဲကနွဲ့ဆိုးပျို
ဝေးသွားမှာစိုး
ရင်ထဲကနွဲ့ဆိုးပျို
ပျောက်ဆုံးသွားမှာစိုး
ရင်ထဲကနွဲ့ဆိုးပျို
ဝေးသွားမှာစိုး
ရင်ထဲကနွဲ့ဆိုးပျို
လှယမင်းလေးကိုယ့်ရဲ့နွဲ့ဆိုးပျို