menu-iconlogo
huatong
huatong
avatar

နတ်သျှင်နောင်

ပြည်လှဖေhuatong
သူရိန်နေမင်းhuatong
가사
기록
နတ်သျှင်နောင်

*** * ***

တေးရေး => မြို့မငြိမ်း

တေးဆို => ပြည်လှဖေ

Credit တီးလုံး => စန္ဒရားဒေါက်တာလှဘူး

***

တပ်တော်ဦးဆီ မျှော်လိုက် ပြန်တော့

ရဲတံခွန်တွေ

လေကစား ကြွား တလူလူဝေ

တပ်ဦးဆီ မျှော်လိုက် ပြန်တော့

တံခွန်တွေ အလံတွေ

ရဲမာန် ပွားလောက်ပေ

တပ်တော်ဦးဆီ မျှော်လိုက် ပြန်တော့

ရဲတံခွန်တွေ လေကစား ကြွား တလူလူဝေ

တို့ တပ်ဦးဆီ မျှော်လိုက် ပြန်တော့

တံခွန်တွေ အလံတွေ

ရဲမာန် ပွားလောက်ပေ

သေပစေ ရင်ကို မြေကတုတ် လုပ်

မဆုတ် မတွန့် မရွံ့တဲ့သူတွေ

သတ္တိပြောင် ထောင်ထောင် မောင်းမောင်း

သူရဲကောင်းတို့ လက္ခဏာ ညီပေ

မြင်းသည်တော်တွေ ဆင်သည်တော်တွေ

မြင်းကတုတ် ဆင်ကတုတ်

ကတုတ် တာဝေ

အစောင့်အနေ စီမံ ဗိုလ်ခြေ

စစ်ဆင်တွေ တသီတတန်းနဲ့

စစ်စခန်း ချရာမြေ..

***

တောင်ကညို ပြို တော့မယ်

မှိုင်းမှိုင်း မှုန်ဝေ

မိုးသက်တွေ လေ ဝှေ့လို့

တရွေ့ရွေ့ ယူသလေ

တောင်ကညို ပြိုတော့မယ်

မှိုင်းမှိုင်း မှုန်ဝေ

မိုးသက်တွေ လေဝှေ့လို့

တရွေ့ရွေ့ ယူသလေ

တိမ်ခိုး လေပြေ လွမ်းငွေ့တွေဝေ

ဖော်မစုံ ကျွမ်း လွမ်းစိတ်တွေ ပွေ

ချစ်တဲ့သူ ဓါတု ကလျာဆွေ

လွမ်းရတဲ့ ဖြစ်အင် ထင်မြင် မိစေတဲ့..

ဘုရားတိုင် စစ်ချီ ရတုတွေ ရေးလို့ရယ်

ဪ ကျေးငှက်ကို စေလိုစေ

ဖြေလည်း ငယ်..ဖြေ ပြေပါနိုင်ဘဲ

စစ်ထွက်ဆဲ တောင်ငူ ဘုရင်မှာလေ

လွမ်းစာခွေ ရွှေပေထက်မှာ တင်ရှာပေ..

ပေါ်နွေလလျှင်..တောင်ကခြိမ့် မြူး

မင်းလွင်ဦး နှင့် ပြန့်ပြူး ချုပ်ဆိုင်း

မုန်တိုင်း ဆင်လို

တိမ်ညိုမှိုင်းထပ် ပြက်လျှပ် ပြကာ

စိမ်းဝါ မိုးပန်း ထွေထွေစွန်း က

ရေသွန်းသာကြည် ပျော်ရမည်ကို..

မြရည် သတ်မှတ် ရောက်ခဲ လတ်ဟု

ချစ်ထွတ်တင်သည်..

ပြာစင် ရွှန်းလက် ဖြူဝင်းမွတ်လျှင်..

ကြာညွတ်ဖယောင်း နေရှိန် ပြောင်းသို့

ဆင့်လောင်း လွမ်းဝှန် ရှိလိမ့် ဟန်ကို

တိမ်စွန်လေလျှင် ဖူးရောက်ချင်သည်

ငှက်သွင် ပျံကြွ မတတ်သော်..

***

ပိတောက်တွေ..ရွှေရည်လူးကြမယ့် အခြေ

ပုလဲငုံ စံပယ်ဖြူ ဖူးခိုက် ဝေေ၀

ပန်းမျိုးစုံ ရာသီကုန် ကူး ခဲ့ပေါ့လေ

ချစ်သူကို ရည်စူး ခူးတယ်လို့ခြွေ

***

ပိတောက်တွေ..ရွှေရည်လူးကြမယ့်အနေ

ပုလဲငုံစံပယ်ဖြူ ဖူး..ခိုက်ဝေေ၀

ပန်းမျိုးစုံရာသီစုံကူး.. ခဲ့ပေါ့လေ

ချစ်သူကို ရည်စူး ခူးတယ်လို့ခြွေ

ကိုယ်တိုင် လှရာရာ ရွေးလို့

ဆင်မပေးရ ဆံမြညှာ ကေ

စစ်မြေမှာ ကြာညောင်း ရက်ရှည်

ရောက်မယ်အထင်နဲ့ မျှော်တဲ့သူ ပူဗျာပွေ

တတွေးတွေး ဆွေးရှာ ရော့မယ်လေ

တောင်ကညို ပြို တော့မယ်

မှိုင်းမှိုင်း မှုန်ဝေ

မိုးသက်တွေ လေ ဝှေ့လို့

တရွေ့ရွေ့ ယူသလေ

တောင်ကညို ပြိုတော့မယ်

မှိုင်းမှိုင်း မှုန်ဝေ

မိုးသက်တွေ လေဝှေ့လို့

တရွေ့ရွေ့ ယူသလေ

တိမ်ခိုး လေပြေ လွမ်းငွေ့တွေဝေ

ဖော်မစုံ ကျွမ်း လွမ်းစိတ်တွေ ပွေ

ချစ်တဲ့သူ ဓါတု ကလျာဆွေ

လွမ်းရတဲ့ ဖြစ်အင် ထင်မြင် မိစေတဲ့

ဘုရားတိုင် စစ်ချီ ရတုတွေ ရေးလို့ရယ်

ဪ ကျေးငှက်ကို စေလိုစေ

ဖြေလည်း ငယ် ဖြေ ပြေပါနိုင်ဘဲ..

စစ်ထွက်ဆဲ တောင်ငူ ဘုရင်မှာလေ

လွမ်းစာခွေ ရွှေပေထက်မှာ တင်ရှာပေ..

***

<< ပြီးပါပြီ >>

{ ရွှင်လန်းချမ်းမြေ့ပါစေ }

ပြည်လှဖေ의 다른 작품

모두 보기logo