menu-iconlogo
huatong
huatong
avatar

မုံရွာသူကိုလွမ်းတယ်

နိုင်မင်းအောင်huatong
kmieclinghuatong
가사
기록
မုံရွာသူကိုလွမ်းတယ် (နိုင်မင်းအောင်)

မုံရွာကိုခဏအလည်ရောက်စဉ်

မျှော်လင့်မထားတဲ့ အချစ်နွံ ကျွံလေပြီ

အညာသူမို့ စကားပြောပုံလေး

တစ်ကယ့်ကိုယာဉ်ကျေးတယ်

ဖေါ်ရွေတဲ့အပြုံးလေးတွေကြောင့်

အသည်းစွဲ ချစ်မိပြီ.....

ဆိုင်ကယ်လေး တို့နှစ်ယောက်အတူစီး

လျှောက်လည်ကြသေးတယ်

မုံရွာမြို့ အလှကျက်သရေဆန်း

တန်ခိုးကြီးဘုရားများမကျန်.....

မိုးညှင်းသမ္ဗုဒ္ဓေ

ဗောဒိတစ်ထောင်ဘရားဘက်လည်း

သူလိုက်ပို့တယ် မမောနိုင်ရှာသူရယ်

တို့ဝေးတဲ့ နောက်ဆုံးနေ့မှာ

လွမ်း လွန်းလို့ ကျန်

မုံရွာသူခမျာ တစ်သိမ့်သိမ့် ရှိုက်ကာငို...

မုံရွာကိုတစ်နေ့ပြန်ခဲ့မယ် မပျက်သောသစ္စာ

အချစ်ကမ္ဘာ တည်စေသား

မငိုပါနဲ့ ပါးကသနပ်ခါး

ပျက်မှာတောင်စိုးတယ်

မမျှော်လင့်သော အချစ်ကရင်ထဲ

အစွဲအလန်းကြီးတတ်တယ်.....

မကြာပါဘူး တို့နှစ်ယောက်ဆုံဖို့

အပြေး ပြန်လာခဲ့မယ်

ဒီမှာလဲ ရူးမတတ်ပါပဲ အလွမ်းကြီးလွမ်းရတယ်

တစ်နေ့တို့ ပြန်ဆုံကြမယ်

ဗောဓိတစ်ထောင် ဘုရားမှာတို့အတူ

ဆုတောင်းထားသလို တို့ပြန်ဆုံမှာပါ

ချိုနွဲ့နွဲ့ မျက်ဝန်းလေးက

မင်း အလွမ်းမျက်ရည်

မုံရွာသူရယ် သုတ်လို့ပေးပါမယ်.....

မျှော်သူရယ် ကြိုကာစောင့်နေအုံး

မုံရွာကို တို့ကလွမ်းသလို

မုံရွာမှာ မင်းလည်းလွမ်းနေ

ပြန်လာမယ် စကားကတိ မပျက်ပါဘူး.....

အကြင်နာတွေ မိုင်ချီဝေးနေလည်း

မုံရွာသူ မင်းရဲ့မျက်ရည်

ကြွေမှာကို အဝေးကစိုးရိမ်

မုံရွာမြေ တမ်းချင်းတေးကိုဆို.....

မုံရွာကိုတစ်နေ့ပြန်ခဲ့မယ် မပျက်သောသစ္စာ

အချစ်ကမ္ဘာ တည်စေသား

မငိုပါနဲ့ ပါးကသနပ်ခါး

ပျက်မှာတောင်စိုးတယ်

မမျှော်လင့်သောအချစ်ကရင်ထဲ

အစွဲအလန်း ကြီးတတ်တယ်

မကြာပါဘူး တို့နှစ်ယောက်ဆုံဖို့

အပြေးပြန်လာခဲ့မယ်

ဒီမှာလဲ ရူးမတတ်ပါပဲ

အလွမ်းကြီးလွမ်းရတယ်

တစ်နေ့တို့ပြန်ဆုံရမယ်

ဗောဒိတစ်ထောင် ဘုရားမှာတို့အတူ

ဆုတောင်းထားသလို တို့ပြန်ဆုံမှာပါ

ချို နွဲ့နွဲ့ မျက်ဝန်းလေးက

မင်း အလွမ်း မျက်ရည်

မုံရွာသူရယ် သုတ်လို့ပေးပါမယ်.....

မျှော်သူရယ် ကြိုကာစောင့်နေအုံး

မုံရွာကို တို့ကလွမ်းသလို

မုံရွာမှာ မင်းလည်းလွမ်းနေ

ပြန်လာမယ် စကားကတိ မပျက်ပါဘူး.....

အကြင်နာတွေ မိုင်ချီဝေးနေလည်း

မုံရွာသူ မင်းရဲ့မျက်ရည်

ကြွေမှာကိုအဝေးကစိုးရိမ်

မုံရွာမြေ တမ်းချင်း တေးကိုဆို........

နိုင်မင်းအောင်의 다른 작품

모두 보기logo