သီချင်း - ပြုံးပြုံးလေး 
တေးဆို - Banyar Han + Soe Sandar Htun 
အလှသွေးရည်ရွှန်းရွှန်းစို 
အပျိုဖော်ဝင်စချစ်နှမကို 
အသည်းထဲမှာစွဲမြဲရအောင် 
အစီရင်ခံလို့ဆို 
အလှသွေးရည်ရွှန်းရွှန်းစို 
အပျိုဖော်ဝင်စချစ်နှမကို 
အသည်းထဲမှာစွဲမြဲရအောင် 
အစီရင်ခံလို့ဆို 
မိုးကျရွှေကိုသူဇာပျို 
ခင့်ကိုမြင်ကတည်းကဆို 
လေးကျွန်းမြင့်မိုရ်တောင်ထက်ပို 
ချစ်စိတ်တွေယို 
အလှသွေးရည်ရွှန်းရွှန်းစို 
အပျိုဖော်ဝင်စချစ်နှမကို 
အသည်းထဲမှာစွဲမြဲရအောင် 
အစီရင်ခံလို့ဆို 
အလှသွေးရည်ရွှန်းရွှန်းစို 
အပျိုဖော်ဝင်စချစ်နှမကို 
အသည်းထဲမှာစွဲမြဲရအောင် 
အစီရင်ခံလို့ဆို 
မိုးကျရွှေကိုသူဇာပျို 
ခင့်ကိုမြင်ကတည်းကဆို 
လေးကျွန်းမြင့်မိုရ်တောင်ထက်ပို 
ချစ်စိတ်တွေယို 
ချစ်ပါနော်မောင့်ကို 
သနားပါနော်မောင့်ကို 
ပြုံးပြုံးလေးနဲ့မျက်နှာထားချို 
အသည်းထဲစွဲတဲ့ပျို 
၀ိသာခါတို့လိုနိဗ္ဗာန်ကိုမဝင်ဘူးပျို 
ချစ်သံသရာထဲမှာဒွန်တွဲလို့ချစ်မယ့်အကို 
ချစ်ပါနော်မောင့်ကို 
သနားပါနော်မောင့်ကို 
ပြုံးပြုံးလေးနဲ့မျက်နှာထားချို 
အသည်းထဲစွဲတဲ့ပျို 
တစ်သက်လုံးချစ်ပါ့မယ်ပျို 
ခင်နှင်းရီကို 
ခင့်ကိုသာရိုးရိုးတန်းတန်းမှန်းတဲ့အကို 
ပျိုကလွဲလို့ပိုကဲမေတ္တာကို 
ဘုရားမှာခေါင်းလောင်းထိုးလို့ 
လှူတော့မယ်ယုံတော့ပျို 
တစ်သက်လုံးချစ်ပါ့မယ်ပျို 
ခင်နှင်းရီကို 
ခင့်ကိုသာရိုးရိုးတန်းတန်းမှန်းတဲ့အကို 
ပျိုကလွဲလို့ပိုကဲမေတ္တာကို 
ဘုရားမှာခေါင်းလောင်းထိုးလို့ 
လှူတော့မယ်ယုံတော့ပျို 
ချစ်ပါနော်မောင့်ကို 
သနားပါနော်မောင့်ကို 
ပြုံးပြုံးလေးနဲ့မျက်နှာထားချို 
အသည်းထဲစွဲတဲ့ပျို 
၀ိသာခါတို့လိုနိဗ္ဗာန်ကိုမဝင်ဘူးပျို 
ချစ်သံသရာထဲမှာဒွန်တွဲလို့ချစ်မယ့်အကို 
ချစ်ပါနော်မောင့်ကို 
သနားပါနော်မောင့်ကို 
ပြုံးပြုံးလေးနဲ့မျက်နှာထားချို 
အသည်းထဲစွဲတဲ့ပျို 
အမရာကိန္ဒရီမယ်မဒီ 
သမ္မူတော်ဝင်သူများလို 
ရီရီကိုပဲမြှောက်စားပါလို့ 
ချစ်စကားတွေနဲ့ဆို 
ကိုကိုလူပျိုဘယ်လိုမြူချို 
ရိုးတဲ့သူကလေးကို 
အဖေတို့အမေတို့ထံများမှလည်း 
တောင်းရမ်းပါလားအကို 
မာယာဉာဏ်နှောကြောမှာကို 
သဘောထားကောင်းသူပျို 
ရည်းစားထားချင်တဲ့အကို 
စဉ်းစားချစ်စေလို 
နောင်အခါစိတ်ညှိုးသွားမှာကို 
ရိုးရိုးလေးခင်ပျို 
အသစ်တွေ့တော့မှအဟောင်းကို 
မုန်းဦးတော့မှာလားဆို 
ချစ်ပါတယ်မောင့်ကို 
သနားပါတယ်မောင့်ကို 
ရိုးရိုးလေးမိုကြောက်အားပို 
သဘောထားမပြောင်းနဲ့အကို 
ခင့်ကိုကိုစိုးကိုချစ်သူပျိုယုံဘို့လို 
အသက်ကိုပါအပ်ကာ 
ပျိူကတော့မောင့်တစ်ယောက်ကို 
ချစ်ပါတယ်မောင့်ကို 
သနားပါတယ်မောင့်ကို 
ရိုးရိုးလေးမို့ကြောက်အားပို 
သဘောထားမပြောင်းနဲ့အကို 
အမရာကိန္ဒရီမယ်မဒီ 
သမ္မူတော်ဝင်သူများလို 
ရီရီကိုပဲမြှောက်စားပါလို့ 
ချစ်စကားတွေနဲ့ဆို 
ကိုကိုလူပျိုဘယ်လိုမြူချို 
ရိုးတဲ့သူကလေးကို 
အဖေတို့အမေတို့ထံများမှလည်း 
တောင်းရမ်းပါလားအကို 
မာယာဉာဏ်နှောကြောမှာကို 
သဘောထားကောင်းသူပျို 
ရည်းစားထားချင်တဲ့အကို 
စဉ်းစားချစ်စေလို 
နောင်အခါစိတ်ညှိုးသွားမှာကို 
ရိုးရိုးလေးခင်ပျို 
အသစ်တွေ့တော့မှအဟောင်းကို 
မုန်းဦးတော့မှာလားဆို 
ချစ်ပါတယ်မောင့်ကို 
သနားပါတယ်မောင့်ကို 
ရိုးရိုးလေးမိုကြောက်အားပို 
သဘောထားမပြောင်းနဲ့အကို 
ခင့်ကိုကိုစိုးကိုချစ်သူပျိုယုံဘို့လို 
အသက်ကိုပါအပ်ကာ 
ပျိူကတော့မောင့်တစ်ယောက်ကို 
ချစ်ပါတယ်မောင့်ကို 
သနားပါတယ်မောင့်ကို 
ရိုးရိုးလေးမို့ကြောက်အားပို