menu-iconlogo
huatong
huatong
avatar

မြတ်မြတ်နိုးနိုး

ChanMyae MgChohuatong
가사
기록
သီချင်း - မြတ်မြတ်နိုးနိုး

တေးဆို - ချမ်းမြေ့မောင်ချို

လိုရာဆန္ဒလည်း သေသေချာချာလွဲ

ဒီအချိန်မှာကြေကွဲ ကိုယ်ငိုနေမိတယ်

ကြိုတင်မပြင်ဆင်ပဲ ငိုချင်လာတော့လည်း

ညင်သာစွာအသံကြိတ်ငိုပွဲ စာနာသူမရှိပဲ

စေတနာမှန်တွေလည်း ဝေဒနာဒဏ်သင့်ဆဲ

အကြိမ်ကြိမ်ပြန်ဆုံဖို့လည်း မသေချာတော့ဘူးကွယ်

တကယ်ဆို မြတ်မြတ်နိုးနိုးချစ်မိတဲ့ အကျိုးရယ်

လမ်းခုလတ်ချစ်မှတ်တိုင်ဝယ်

နာကျင်စွာနောင်တဆိုး အငြိုးရယ်

မြတ်မြတ်နိုးနိုးချစ်တဲ့အကျိုး

တကယ်ဆို မြတ်မြတ်နိုးနိုးချစ်မိတာဆိုးတယ်

နောက်ကျမှ အသိအထိနာခဲ့

ယုံနိုင်စရာတောင် မရှိဘူးအချစ်ရယ်

မြတ်မြတ်နိုးနိုး အချစ်မျိုးရယ်

ဘယ်ဆီမျှော်ရမလဲ ဘယ်မှာရှာမလဲကွယ်

ယုံကြည်နေဆဲပဲ သူပြန်လာလိမ့်မယ်

ကြိုဆိုနေယုံပဲ ငိုယိုနေယုံပဲ

ယုံကြည်မျှော်လင့်ဆဲ ပုံပြင်ရှည်တစ်ပုဒ်ရယ်

ဘယ်ဆီမျှော်ရမလဲ ဘယ်မှာရှာမလဲကွယ်

ယုံကြည်နေဆဲပဲ သူပြန်လာလိမ့်မယ်

တကယ်ဆို မြတ်မြတ်နိုးနိုးချစ်မိတာဆိုးတယ်

လမ်းခုလတ်ချစ်မှတ်တိုင်ဝယ်

နာကျင်စွာနောင်တဆိုး အငြိုးရယ်

မြတ်မြတ်နိုးနိုးချစ်တဲ့အကျိုး

တကယ်ဆို မြတ်မြတ်နိုးနိုးချစ်မိတာမှားတယ်

နောက်ကျမှ အသိအထိနာခဲ့

ယုံနိုင်စရာတောင် မရှိဘူးအချစ်ရယ်

ရင်မှာ မြတ်မြတ်နိုးနိုး ချစ်တဲ့အကျိုး

ChanMyae MgCho의 다른 작품

모두 보기logo
မြတ်မြတ်နိုးနိုး - ChanMyae MgCho - 가사 & 커버