menu-iconlogo
huatong
huatong
avatar

အချစ်တွေပြန်စစ်

Dwayhuatong
plemniorhuatong
가사
기록
သီချင်း - အချစ်တွေပြန်စစ်

တေးဆို - ထွန်းအိန္ဒြာဗိုလ်

မင်းနဲ့တွေ့ရင်

စိတ်ကူးထဲမှာအချစ်တွေဖြစ်

စွဲလမ်းခဲ့တာသိပ်ပြောချင်တယ်

နေ့တိုင်းမင်းကို

လမင်းကြီးလိုဖူးချင်တယ်

ဒီလိုမျိုးကိုယ်ရူးနေတယ်

မင်းရဲ့စိတ်တွေ

လှုပ်ရှားလွန်းတာသိနေပါတယ်

ဒူးထောက်လို့ပြောတောင်

ပြန်ငြင်းမှာပဲ

မေ့ထားလိုက်

တို့မှာအရင်ဦးဆုံးလူရှိနေတယ်

မလာပါနဲ့

တကယ်သိပ်ရှုပ်တယ်

ဘာဖြစ်လဲ

ဘာဖြစ်လဲဟေ့ငါကချစ်မှာပဲ

အချစ်နဲ့စစ်ဟာ

အကုန်မျှတတယ်

ဘာကြောင့်လဲဘာကြောင့်လဲဟေ့

တကယ်စိတ်ညစ်တာပဲ

နောက်ဆုတ်သွားရင်

သိပ်ကောင်းလိမ့်မယ်

မင်းနဲ့တွေ့ရင်

စိတ်ကူးထဲမှာအချစ်တွေဖြစ်

စွဲလမ်းခဲ့တာသိပ်ပြောချင်တယ်

နေ့တိုင်းမင်းကို

လမင်းကြီးလိုဖူးချင်တယ်

ဒီလိုမျိုးကိုယ်ရူးနေတယ်

ဘာဖြစ်လဲ

ဘာဖြစ်လဲဟေ့ငါကချစ်မှာပဲ

မင်းရည်းစားထက်ပိုချစ်ပြမယ်

ဘာကြောင့်လဲဘာကြောင့်လဲဟေ့

တကယ်စိတ်ညစ်တာပဲ

နောက်ဆုတ်သွားရင်

သိပ်ကောင်းလိမ့်မယ်

ဆိုလိုနေတာမင်းသဘောပေါက်ရင်

အခြေအနေကြည့်ဦး

ကိုယ်ရင်ဖွင့်ပြီးချစ်ပြရင်

ထိုင်ငိုနေမယ်မယုံဘူးလား

မင်းရဲ့စိတ်တွေ

လှုပ်ရှားလွန်းတာသိနေပါတယ်

ဒူးထောက်လို့ပြောတောင်

ပြန်ငြင်းမှာပဲ

မေ့ထားလိုက်

တို့မှာအရင်ဦးဆုံးလူရှိနေတယ်

မလာပါနဲ့အချစ်ဆုံးရှိတယ်

ဘာဖြစ်လဲဘာဖြစ်လဲဟေ့

ငါကချစ်မှာပဲ

မင်းရည်းစားထက်ပိုချစ်ပြမယ်

ဘာကြောင့်လဲဘာကြောင့်လဲဟေ့

တကယ်စိတ်ညစ်တာပဲ

နောက်ဆုတ်သွားရင်

သိပ်ကောင်းလိမ့်မယ်

ဘာဖြစ်လဲ

ဘာကြောင့်လဲဟေ့

ကိုယ့်အတွေးနဲ့ကိုယ်ပဲ

အချစ်ရဲ့အကြောင်းကို

ပြန်တွက်ကြမယ်

ဘာဖြစ်လဲ

ဘာကြောင့်လဲဟေ့

ကိုယ့်အကြောင်းနဲ့ကိုယ်ပဲ

အချစ်ရဲ့အကြောင်းကို

ပြန်တွက်ကြတော့

Dway의 다른 작품

모두 보기logo