menu-iconlogo
huatong
huatong
avatar

NonStop ဟေမာ 1

ဟေမာနေဝင်းhuatong
가사
기록

Myanmar Music Maestro

U_Soe

........

တကယ်ဘဲသိပ်ချစ်တော့

သဝန်ကြောင်မလေးဖြစ်ခဲ့ရ

ဟိုမသွားနဲ့ ဒီမသွားနဲ့ချုပ်ခြယ်မယ်

ဘယ်သူနဲ့စကားပြောလဲ

ဘယ်လောက်များရင်းနှီးလဲ

စုံစမ်းလိုက်စစ်ဆေးလိုက် လုပ်နေမယ်

သိပ်ချစ်ပါတယ်

ဒီတစ်ယောက်ထဲ ချစ်ပါရစေကွယ်

အို...

ကိုကိုစိတ်ဆိုးသွားလား

ဒီကောင်မလေးအချစ်က

သဝန်ကြောင်တဲ့အချစ်မို့

အပြစ်ယူမှာလားကွယ်

ပိုင်ဆိုင်ချင်တဲ့စိတ်က

ရင်မှာချုပ်ထိန်းလို့မရ

သဝန်ကြောင်ခဲ့မိသမျှ

နားလည်ပါဦးကွယ်

အသည်းထဲစွဲအောင်ချစ်လို့

အသည်းကွဲရမှာကြောက်လို့

အမြဲတမ်းစိုးရိမ်စိတ်နဲ့

သဝန်ကြောင်မလေးဘဝ

အသစ်တွေ့မေ့မှာစိုးလို့

ကလေးလေးတယောက်လိုအတွေးနဲ့

သိပ်ချစ်မိသူလေးက

သဝန်ကြောင်နေမိတယ်

သိပ်ချစ်တတ်တဲ့ကိုကိုမို့လေ

ဒီလိုဆိုးမိတာပါ

သဘောကောင်းလွန်းတဲ့ကိုကိုမို့လေ

ဒီလိုနွဲ့လိုက်မိတာ

ခွင့်လွှတ်နော် သဘာဝမိန်းခလေးစိတ်မှာ

တခါတရံဆိုးမိတာနွဲ့မိတာလေးများ

ရင်ခုန်သံတွေအေးခဲသွားမှာစိုးလို့

ငိုတယ်ဆိုတာကလဲ အချော့ကြိုက်လို့ပါ

အသည်းစွဲချစ်တဲ့ကိုကိုမို့လေ

ဒီလိုဆိုးမိတာပါ

နှလုံးသားလှတဲ့ကိုကိုမို့လေ

ဒီလိုနွဲ့လိုက်မိတာ

ခွင့်လွှတ်နော် ကိုကိုစိတ်မပျက်နဲ့နော်

ကလေးဆိုးလေးလိုစိတ်ကောက်တာ

ကိုကိုရင်နာစေအောင် စိတ်ထိခိုက်မိအောင်

ဝေဒနာရည်ရွယ်ချက်မျိုး

မထားရက်ခဲ့ပါ

ခွင့်လွှတ်တတ်တဲ့ကိုကိုမို့လေ

ဟေမာဆိုးမိတာပါ

ယုယတတ်တဲ့ကိုကိုမို့လဲ

ဟေမာနွဲ့လိုက်မိတာ

တိမ်တွေပျံလာတာမော့ကြည့်လို့

သီချင်းဆိုတာကောင်းတယ်

မင်းကြောင့်မို့ မင်းကြောင့်မို့

သီချင်းဟစ်လို့ဆိုချင်တယ်

မြေပြင်ပေါ်လူတွေ

အားလုံးပြုံးပျော်နေလားကွယ်

မင်းကြောင့်မို့ မင်းကြောင့်မို့

ပြုံးလိုက်ကြပျော်ရွှင်နေ

ရင်ခုန်တဲ့အချစ်အရသာ

အရာရာပြောင်းလဲခဲ့ပါတယ်

ရင်ခုန်လို့ချစ်တတ်ပြီ

ဒါဟာမင်း...မင်းကြောင့်နော်

လာပါလာပါကွယ်တွေ့ကြဖို့

စောင့်နေတယ်အချစ်ရေ

မင်းကြောင့်မို့ မင်းကြောင့်မို့

တမ်းတတတ်နေပြီကွယ်

လာ.....လာ.....လာ......လာ...

မင်းကြောင့်မင်းကြောင့်ပါ...နော်

အရမ်းဘဲချစ်တတ်ပြီ

မင်းကြောင့်မင်းကြောင့်ပါနော်

လွမ်းလဲလွမ်းတတ်ပြီ

ရင်ခုန်သံတွေသိပ်မြန်

ကြင်နာပါတော့ကွယ်

အသည်းနှလုံးခိုက်လို့ခုန်တာ

အားလုံးမင်းကြောင့်ကွယ်

မင်းကြောင့်မင်းကြောင့်ပါနော်

အရမ်းဘဲချစ်တတ်ပြီ

မင်းကြောင့်မင်းကြောင့်ပါနော်

လွမ်းလဲလွမ်းတတ်ပြီ

ရင်ခုန်သံတွေသိပ်မြန်

ကြင်နာပါတော့ကွယ်

...

ကျေးဇူးတင်ပါတယ်

ဟေမာနေဝင်း의 다른 작품

모두 보기logo