menu-iconlogo
huatong
huatong
avatar

တမ်းတမိတိုင်း

Htoo El Linnhuatong
가사
기록
သီချင်း - တမ်းတမိတိုင်း

တေးဆို - ထူးအယ်လ်လင်း

တမ်းတမိတိုင်း ဟိုင် ဟိုင်း ဟိုင်း...

ထင်ရာတွေပြောခဲ့မိတဲ့

ကိုယ့်ရဲ့အမှားအတွက်ကြေကွဲမဆုံး

အောက်မေ့လိုက်တိုင်း ဟိုင် ဟိုင်း ဟိုင်း.

ခွင့်လွှတ်ပါလို့

စကားလေးတစ်ခွန်းသာ တီးတိုးရေရွတ်မိ

တကယ်ဆိုရင်ချစ်လို့မှားတယ် ဘေဘီ

နောင်တစ်ချိန်ဆိုဂရုစိုက်ပြင်ထားလိုက်မယ်

ပြေလည်အောင် အမှားအတွက်တောင်းပန်ချင်လို့

နာကျင်အောင်မလုပ်နဲ့ကြေကွဲတတ်တယ်

ငါမျှော်လင့်ရင်း ရေး..

နေ့သစ်ရောက်တိုင်း ဟိုင် ဟိုင်း ဟိုင်း...

မခံနိုင်အောင်လွမ်းတဲ့စိတ်တို့

ဆိုးဝါးပြင်းပြပူလောင်လွန်းလို့

ညညတွေတိုင်း ဟိုင် ဟိုင်း ဟိုင်း...

မျက်ဝန်းနက်တွေနဲ့

ဖြန့်ကျက်အိပ်မက်ဆိုးမှာ လှောင်ပိတ်မိ

ဒဏ်ရာတွေထားခဲ့ ဟိုးအတိတ်များဆီ

ဒီမှာမျှော်လင့်ချက်ဆိတ်သုဉ်းမသွားခင်

အချိန်တန်ရင် မင်းအနားရှိနေချင်လို့

ကြွေနေပြီ မင်းအတွက်အနာဂတ်နေ့တွေ

နင်သိထားဦး.....

စိတ်လေအောင်ရင်မှာအလွမ်းများ

ရုန်းကန်နေတယ်

ဟိုအရင်လိုအဖြူရောင်အချစ်တို့

ပြန်လိုချင်တယ်

နူးညံ့မယ်ထင်တဲ့မင်းက ခေါင်းမာနေတယ်

ခွင့်လွှတ်တယ်ဆိုတဲ့စကားလေး

ကိုယ်မျှော်နေတယ်

ဒီအတွေးနဲ့ ဒီစိတ်နဲ့

သေတော့မယ်

တမ်းတမိတိုင်း ဟိုင် ဟိုင်း ဟိုင်း...

ထင်ရာတွေပြောခဲ့မိတဲ့

ကိုယ့်ရဲ့အမှားအတွက်ကြေကွဲမဆုံး

အောက်မေ့လိုက်တိုင်း ဟိုင် ဟိုင်း ဟိုင်း.

ခွင့်လွှတ်ပါလို့

စကားလေးတစ်ခွန်းသာတီးတိုးရေရွတ်မိ

တကယ်ဆိုရင်ချစ်လို့မှားတယ် ဘေဘီ

နောင်တစ်ချိန်ဆို ဂရုစိုက်ပြင်ထားလိုက်မယ်

ပြေလည်အောင်အမှားအတွက်တောင်းပန်ချင်လို့

နာကျင်အောင်မလုပ်နဲ့ကြေကွဲတတ်တယ်

ငါမျှော်လင့်ရင်း ရေး...

စိတ်လေအောင်ရင်မှာအလွမ်းများ

ရုန်းကန်နေတယ်

ဟိုအရင်လိုအဖြူရောင်အချစ်တို့

ပြန်လိုချင်တယ်

နူးညံ့မယ်ထင်တဲ့မင်းကခေါင်းမာနေတယ်

ခွင့်လွှတ်တယ်ဆိုတဲ့စကားလေး

ကိုယ်မျှော်နေတယ်

ဒီအတွေးနဲ့ ဒီစိတ်နဲ့

သေတော့မယ်

Htoo El Linn의 다른 작품

모두 보기logo