သီချင်း - ဘာလိုနေသေးလဲ
တေးဆို - Idiots
ဒီနေ့နဲ့မနက်ဖြန်အတွက် သင်ဘာတွေလုပ်ဖို့တွေးထားလဲ
ပိုင်ဆိုင်ထားတဲ့ဘဝကို အဟုတ်အမှန်တည်ဆောက်မယ်
ဘယ်လိုအကောင်းဆုံး အသက်ဆက်မလဲ
လိုအင်တွေပြည့်ဖို့ ကြိုးစားရင်း
ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်ပျောက်ကွယ် ဘဝခရီးထဲ
လူတန်းစေ့မယ့်တစ်နေ့အတွက်
သင်ဟာအပတ်တကုတ်ကြိုးစားရင်း တဖြည်းဖြည်းဝေးသွားခဲ့
ကန္တာကိုဖြတ်စဉ်ကအတူရှိနေခဲ့
ရေဆာစဉ်ကမ်းခဲ့သောလက်များကို မေ့ကျန်ခဲ့
သင်ဘာအဖတ်တင်လဲ ပိုင်ဆိုင်ခဲ့ပြီပဲ
လိုရာပြည့်သောဘဝမှာ မပျော်နိုင်ရင်မင်း ဘာလိုနေသေးလဲ
အဖြေဟာထွက်မလာခဲ့ အရာရာအဓိပ္ပါယ်မဲ့
ခန္ဓာဝန်ကင်းခဲ့တောင် ဘဝကခြောက်ကပ်ကပ်
မပျော်နိုင်ရင်မင်း ဘာလိုနေသေးလဲ
သင်ချစ်သောသူများအတွက်လဲ သင်ဘာတွေစဉ်းစားပေးထားလဲ
ရွှေငွေများမှမဟုတ်ပါ အဖိုးတန်ဆုတိုင်းရယ်
နံရံကိုထားပြီးနစ်ဝင်မြဲ သူ့ဟာသူလဲကျတဲ့အခိုက်မှာ
ကမ္ဘာမှာတန်ဖိုးအကြီးဆုံးအရာ မေတ္တာမဟုတ်ဘူးလား
လူတန်းစေ့မယ့်တစ်နေ့အတွက် သင်ဟာအပတ်တကုတ်ကြိုးစားရင်း
မမေ့ပစ်ခဲ့လိုက်နဲ့ ကန္တာကိုဖြတ်စဉ်ကအတူရှိနေခဲ့
ရေဆာစဉ်ကမ်းခဲ့သောလက်များကို တွဲခေါ်ခဲ့
သင်ဘာအဖတ်တင်လဲ ပိုင်ဆိုင်ခဲ့ပြီပဲ
လိုရာပြည့်သောဘဝမှာ မပျော်နိုင်ရင်မင်း ဘာလိုနေသေးလဲ
အဖြေဟာထွက်မလာခဲ့ အရာရာအဓိပ္ပါယ်မဲ့
ခန္ဓာဝန်ကင်းခဲ့တောင် ဘဝကခြောက်ကပ်ကပ်
မပျော်နိုင်ရင်မင်း ဘာလိုနေသေးလဲ
သင်ဘာအဖတ်တင်လဲ
ပိုင်ဆိုင်ခဲ့ပြီပဲ
လိုရာပြည့်သောဘဝမှာ
မပျော်နိုင်ရင်မင်းဘာလိုနေသေးလဲ
အဖြေဟာထွက်မလာခဲ့ အရာရာအဓိပ္ပါယ်မဲ့
ခန္ဓာဝန်ကင်းခဲ့တောင် ဘဝကခြောက်ကပ်ကပ်
မပျော်နိုင်ရင်မင်း ဘာလိုနေသေးလဲ
မပျော်နိုင်ရင်မင်း ဘာလိုနေသေးလဲ