menu-iconlogo
huatong
huatong
avatar

ရင်သို့တိုးဝှေ့ဆဲပါခိုင်

Marrizahuatong
rasputin_starhuatong
가사
기록
သီချင်း - ရင်သို့တိုးဝှေ့ဆဲပါခိုင်

တေးဆို - မာရဇ္ဇ

နွေကြိုရွှေဥသြ

ပန်းပိတောက်ကိုမြင်မှ

နွေရောက်တာ ကိုယ်သိတယ်

သြော် နွေတဲ့လား

ရာသီတွေလည်း ပြောင်းသွားခဲ့ပေါ့

အချိန်အခါတွေသည်နှောင်းသွားခဲ့လည်း

ကြင်နာသူမို့ အမှတ်တရရှိနေဆဲ

ယုံပါရင်သို့ တိုးဝှေ့ဆဲပါခိုင်

မမြင်တာကြာပင်မဲ့ အသည်းကသံမှိုစွဲ

ရိုက်ခက်ထားသလို ထင်ရစ်တယ်

သြော် ဝေဒနာလား

အသေချာဝေဖန် သုံးသပ်မိတော့

ရင်မှာတွယ်တဲ့ ကြိုးကငြိပေါ့

ဘယ်သူကူလို့ ဖြတ်လို့ရမှာလဲ

ယုံပါရင်သို့ တိုးဝှေ့ဆဲ့ပါခိုင်

မေ့ဖို့ မကြိုးစားခဲ့ပါဘူး

ပျော်သည်ဖြစ်ဖြစ် မပျော်သည်ဖြစ်ဖြစ်

ကြိတ်မှိတ်ခံစားမယ်

အသည်းနဲ့ ရင်းခဲ့ရသူမို့

တစ်ခါတစ်လေကျတော့ ပိုခံစားရ

အရူးတစ်ယောက်လိုဖြစ်တာ

ချစ်လွန်းတော့လည်းကွယ်

ဘယ်လိုဖြေလို့ မေ့လို့ရမှာလဲ

ယုံပါရင်သို့ တိုးဝှေ့ဆဲပါခိုင် ...

ယုံပါရင်သို့ တိုးဝှေ့ဆဲပါခိုင် ...

နွေကြိုရွှေဥသြ

ပန်းပိတောက်ကိုမြင်မှ

နွေရောက်တာ ကိုယ်သိတယ်

သြော် နွေတဲ့လား

ရာသီတွေလည်း ပြောင်းသွားခဲ့ပေါ့

အချိန်အခါတွေသည် နှောင်းသွားခဲ့လည်း

ကြင်နာသူမို့ အမှတ်တရရှိနေဆဲ

ယုံပါရင်သို့ တိုးဝှေ့ဆဲပါခိုင်

မေ့ဖို့ မကြိုးစားခဲ့ပါဘူး

ပျော်သည်ဖြစ်ဖြစ် မပျော်သည်ဖြစ်ဖြစ်

ကြိတ်မှိတ်ခံစားမယ်

အသည်းနဲ့ ရင်းခဲ့ရသူမို့

တစ်ခါတစ်လေကျတော့ ပိုခံစားရ

အရူးတစ်ယောက်လိုဖြစ်တာ

ချစ်လွန်းတော့လည်းကွယ်

ဘယ်လိုဖြေလို့ မေ့လို့ရမှာလဲ

ယုံပါရင်သို့ တိုးဝှေ့ဆဲပါခိုင် ...

ယုံပါရင်သို့ တိုးဝှေ့ဆဲပါခိုင် ...

ယုံပါရင်သို့ တိုးဝှေ့ဆဲပါခိုင် ...

Marriza의 다른 작품

모두 보기logo
ရင်သို့တိုးဝှေ့ဆဲပါခိုင် - Marriza - 가사 & 커버