သီချင်း - 8760 Hours
တေးဆို - Min Thant
နင်အဆင်ပြေရဲ့လားငါမရှိတဲ့အရပ်မှာ
နင်နေရောကောင်းရဲ့လား
ငါစိတ်ပူလို့ပါ
နင်ပျော်နေပြီမို့လား
ဒီအလှဆုံးအရပ်ဆီမှာ
အချိုသာဆုံးပြုံးနေပါ
အရင်လိုညဉ့်နက်တဲ့ထိအပြင်မှာမနေပါနဲ့
အရင်တုန်းက
အမှတ်တရအနမ်းတွေကိုနင်မေ့ပြီလား
ငါပေးတဲ့အပေါစားလက်ဆောင်
မြေပြင်မှာပျံ့ကျဲသွား
ခံစားရတဲ့feel ကနေသားကျသွားခဲ့ရင်
ငါဖုန်းဆက်တဲ့အခါနင်မငြိုငြင်နဲ့
လွမ်းလို့ငိုမနေပါနဲ့တော့
အနားနားမင်းပဲလိုအပ်လို့
နေ့တိုင်းငါသတိရတယ်
အချိန်တိုင်းငါ့ဘေးနားမှာ
ဂရုစိုက်ပေးဖို့ပြန်လာပေးဦး
လွမ်းတိုင်းမင်းအကြောင်းတွေငါတွေးတုန်း
အနားနားမင်းရှိနေပေးဦး
နေ့တိုင်းငါသတိရတယ်
အချိန်တိုင်းငါတမ်းတတယ်
နှုတ်ခမ်းကမုန်းလည်းချစ်တုန်းပဲ
ကျုပ်ဘဝထဲမှာအမြဲမနေချင်လည်းပြောပါ
အမြင့်တင်ပြီးမှမပုတ်ချခဲ့ပါနဲ့
မင်းသူငယ်ချင်းတွေကဒီကောင်အသုံးမကျခဲ့တာဆိုပြီးတော့
အပြစ်တင်ရှုံ့ချတဲ့အခါ
တံတွေးခွက်ထဲမြုပ်ရစမြဲငါလည်း
ဆံပင်ဂုတ်ဝဲနဲ့ကောင်မလေးတွေတွေ့တိုင်းမင်းဖြစ်နေမလားလို့
လိုက်ငေးနေမိတာလည်းဒုက္ခငရဲပါပဲ
အစစ်အမှန်ပေးထားတဲ့အချစ်ကိုမယူဘဲအသစ်ထံပြေးသွားခဲ့
ဒီနွားကခြံမခုန်ဘဲတခြားနွားဆီရွေ့သွားတဲ့ခြံကိုရော
ဘာပုဒ်မနဲ့ပြစ်ဒဏ်ပေးရမလဲ
ငါအရမ်းချစ်တဲ့နင်နင်အရမ်းချစ်တဲ့ငါ
ဖြစ်ခဲ့တုန်းကဘဝင်အရမ်းမြင့်ခဲ့တာ
အခုမှနင့်အတွက်အချစ်က
ပကာသနတွေဆင်မြန်းခြင်းတဲ့လား
ရင်ဘတ်ကြီးလည်းရစရာမရှိတော့ဘူး
မုသားစကားတွေကိုအမြစ်တွယ်ခဲ့၍
ဒါ့ကြောင့်ကြက်တူရွေးလေး
တစ်ကောင်လောက်ဝယ်ကာ
မင်းနာမည်မှည့်ပေးပြီး
စကားလေးတစ်ခွန်းသင်ပေးထားတယ်
အမြဲချစ်တယ်မခွဲကြေးလို့
မင်းကိုသတိရတိုင်း
အဲ့ဒီကြက်တူရွေးလေးနဲ့အမေးအဖြေလုပ်
စကားပြောဖြစ်တယ်အမြဲတစေ
လွမ်းလို့ငိုမနေပါနဲ့တော့
အနားနားမင်းပဲလိုအပ်လို့
နေ့တိုင်းငါသတိရတယ်
အချိန်တိုင်းငါ့ဘေးနားမှာ
ဂရုစိုက်ပေးဖို့ပြန်လာပေးဦး
လွမ်းတိုင်းမင်းအကြောင်းတွေငါတွေးတုန်း
အနားနားမင်းရှိနေပေးဦး
နေ့တိုင်းငါသတိရတယ်
အချိန်တိုင်းငါတမ်းတတယ်
နှုတ်ခမ်းကမုန်းလည်းချစ်တုန်းပဲ