menu-iconlogo
huatong
huatong
avatar

တောင်ငူသူ

Moe Thet Nainghuatong
가사
기록
တောင်ငူသူ တေးဆို မိုးသက်နိုင်

ကိုယ့်ဘ၀ရဲ့အချိုးအဆစ်တစ်ကွေ့မှာ

ကြုံဆုံစရာအကြောင်းကဖန်လာ

မင်းအဆက်ဆက်နန်းတက်ခဲ့တဲ့နေရာ

လှပလို့တင့်ရွှန်းလို့ဝေဖြာ

တောင်ငူမြေကိုရောက်ခဲ့ရတယ်..

နှလုံးသားမှန်တံခါးရဲ့အထက်မှာ

မယုံကြည်စရာအရိပ်တစ်ခုထင်လာ

တင်းထားတဲ့ကိုယ့်ရဲ့စိတ်ဓါတ်များမခိုင်မာ

အငိုက်မိလို့အရှိုက်ထိစဉ်မှာ

တောင်ငူသူကိုချစ်ခဲ့မိသည်…

တောင်ငူသူ တောင်ငူသူရေ့

အကြင်နာပန်းဦးကိုလှမ်းခူးနိုင်သည်..

တောင်ငူသူ တောင်ငူသူရေ့

ဖော်ရွေပြုံးအလှမှာရုန်းမရနိုင်ပြီ..

တောင်ငူသူ တောင်ငူသူရေ့

ထာဝစဉ်တိုးတိုးကာစိုးမိုးလာသည်..

တောင်ငူသူ တောင်ငူသူရေ့

ရင်မှာအသည်းနစ်အောင်စွဲချစ်မိသည်

ဆန္ဒနဲ့ဘ၀ရယ်တစ်သားတည်းမကျပါ

ကံကြမ္မာရယ်ကိုယ့်ဘက်ကိုမပါ..

မလှမ်းသင့်တဲ့ပန်းတစ်ပွင့်လို့တို့အဖြေရှာ

ဆုံးဖြတ်လို့သိရချိန်မှာ..

တောင်ငူမြေကိုကျောခိုင်းခဲ့သည်…

နှလုံးသားမှန်တံခါးရဲ့အထက်မှာ

မယုံကြည်စရာအရိပ်တစ်ခုထင်လာ

တင်းထားတဲ့ကိုယ့်ရဲ့စိတ်ဓါတ်များမခိုင်မာ

အငိုက်မိလို့အရှိုက်ထိစဉ်မှာ

တောင်ငူသူကိုချစ်ခဲ့မိသည်…

တောင်ငူသူ တောင်ငူသူရေ့

ကိုယ်အပြန်လမ်းအခွဲမှာနွမ်းအသည်းကြွေပြီ..

တောင်ငူသူ တောင်ငူသူရေ့

နှစ်ကိုယ်အနီးကြားမှာစည်းခြားနေပြီ

တောင်ငူသူ တောင်ငူသူရေ့

တွယ်တာချစ်စိတ်ကိုကြိတ်မှိတ်ဖြေမည်..

တောင်ငူသူ တောင်ငူသူရေ့

ထာဝစဉ်တမ်းတကာလွမ်းရတော့မည်

Moe Thet Naing의 다른 작품

모두 보기logo