menu-iconlogo
huatong
huatong
avatar

အချစ်ဖျား

NJhuatong
peaceinspringhuatong
가사
기록
သီချင်း း အချစ်ဖျား

တေးဆို း NJ, RB2, Myat Amara Maung, DoubleJ

မင်းကြောင့်ငါအိပ်ယာထဲမှာလဲ

တရားခံဘယ်သူလဲလို့မေးတော့မင်းကြောင့်ပဲ

ပုံရိပ်တွေအမြဲငါ့အတွေးတွေရောက်နေခဲ့

ငါသတိပြန်ရတော့ဆေးရုံရောက်နေခဲ့

ဆရာဝန်များကလက်လျော့လိုက်ပြီ

ရောဂါနောက်ဆုံးအဆင့်

စားမဝင်အိပ်မပျော်ဖြစ်

အိပ်ဆေးတွေလည်းကွာငါ့အတွက်အသုံးမဝင်

အချစ်ဖျားကိုကုသပေးမယ့်မင်းလေးကဆရာဝန်လေး

Operation အခန်းထဲမှာမင်းအပြုံးလေးငါကြည့်ငေး

ကိုယ့်အသည်းနှလုံးကိုခွဲမယ်ဆို

မေ့ဆေးတော့မပေးပါနဲ့

နာကျင်နေလည်း

မျက်နှာဖုံးထက်ကအပြုံးလေးကို ငေးမှာအမြဲ

တခါတလေအသက်ရှုမဝပါမောလာလို့

ဝေဒနာအသေးစိတ်တော့ပြောစရာမလို

နောက်ဆုံးအဖြေကတော့မင်းပြန်ချစ်မှပျောက်မယ့်ရောဂါမို့

တခါတလေ အိပ်စက်လို့မရပါ

ဘာမှလည်း စားလို့မရပါ

ဆရာဝန်ကုသလို့မရတာ ဒါအချစ်ဖျား

နင်ကုသမှ ရမယ် နင်ကုသမှ ရမယ်

အချိန်မှီကုပေးဦး ဒီမှာအချစ်ဖျား ဖျားနေပီ

နင်ကုသမှ ရမယ် နင်ကုသမှ ရမယ်

နင်ပဲအဆိပ်ခတ်တယ် နင်ပဲဖြေဆေးပေး ....

ဒီအချစ်ဖျား ဆေးမရှိပါ

မယုံနိုင်ပါ ဘာကြောင့်ဒီလောက်ရူး

အိုး…ရူး စတွေ့ခဲ့တဲ့နေ့ကစ

ချစ်မိသွားတဲ့နေ့ကစ

ဖြေဆေးလည်းလုံးဝမရှိတော့ပါ ဒီအချစ်ဖျား…

Now I know I'm in love with you …

ဒီရောဂါကိုဘယ်သူမှမင်းလောက်နားမလည်ဘူး…

တခါတလေ အိပ်စက်လို့မရပါ

ဘာမှလည်း စားလို့မရပါ

ဆရာဝန်ကုသလို့မရတာ ဒါအချစ်ဖျား

နင်ကုသမှ ရမယ် နင်ကုသမှ ရမယ်

အချိန်မှီကုပေးဦး ဒီမှာအချစ်ဖျား ဖျားနေပီ

နင်ကုသမှ ရမယ် နင်ကုသမှ ရမယ်

နင်ပဲအဆိပ်ခတ်တယ် နင်ပဲဖြေဆေးပေး ....

ရန်ကုန်မှာမိုးတွေသဲတော့လွမ်းလာတယ်

ဒီလိုနဲ့ မင်းအိမ်ရှေ့ကိုလျှောက်လာခဲ့

တယ်လီဖုန်း ကိုစက်ပိတ်ထားပါတယ်

မင်းပြတ်သားတယ် ငါရဲ့ အချစ်ကိုနားမလည်

နှာစီးချောင်းဆိုးမဟုတ်ပါ အချစ်ရဲ့ အဖျားလေ

မင်းပစ်ထားလေ ငါမှာပိုပြီးဖျားလေ

မင်းရဲ့ဆေးခန်းဝမှာ အမြဲတန်းပြန်တမ်းတတာ

မင်းနဲ့ပြန်တွေခွင့်ရမလား

မင်းရဲ့ဆေးခန်းဝမှာ အမြဲတန်းပြန်တမ်းတတာ

မင်းနဲ့ပြန်တွေခွင့်ရမလား

တခါတလေ အိပ်စက်လို့မရပါ

ဘာမှလည်း စားလို့မရပါ

ဆရာဝန်ကုသလို့မရတာ ဒါအချစ်ဖျား

နင်ကုသမှ ရမယ် နင်ကုသမှ ရမယ်

အချိန်မှီကုပေးဦး ဒီမှာအချစ်ဖျား ဖျားနေပီ

နင်ကုသမှ ရမယ် နင်ကုသမှ ရမယ်

နင်ပဲအဆိပ်ခတ်တယ် နင်ပဲဖြေဆေးပေး

NJ의 다른 작품

모두 보기logo
အချစ်ဖျား - NJ - 가사 & 커버