သီချင်း - လူတွေ
တေးဆို - ရွှေထူး + အိုအေစစ်
မနက်ဖြန်အတွက်လမ်းတွေ
ပျောက်နေတယ် တစ်ချို့ကလေးတွေက
ပန်းတွေရောင်းနေတယ်
ယုံကြည်ရာဘာလဲမသိခဲ့ရသူတွေ
ကံကြမ္မာကလုံးဝဘက်မမျှစေခဲ့ဘူးးးဟူးးး
အိပ်မက်များကအဝေးကြီးဘယ်မှာလဲ
ငွေရှိမှတစ်ချို့က ပေါင်းသင်းချင်တာရယ်
ရေနစ်သူဝါးကူထိုးကြတယ်
ပုံစံတူကြောက်ဖို့ကောင်းတဲ့
အပြုံးတွေရယ်
အို မြတ်စွာဘုရား ကြည့်ပါဦး
လူ့လောကကြီးထဲဖြစ်ပျက်မှုတွေ
ကောက်ကျစ်စဉ်းလဲ ယုတ်ညံ့မှုတွေကို
ရပ်တန့်ပေးပါဦး
အို မြတ်စွာဘုရား ကြည့်ပါဦး
အတ္တတွေပြည့်နှက်နေ
အမုန်းတရားတွေပြည့်နှက်နေ
လောကဓံကြား လူတွေ လူတွေ
သိပ်ကြောက်ဖို့ကောင်းပါလား
မနေ့ကနေဒီနေ့ပြီးသွားရင် မနက်ဖြန်
လက်ကျန်နေ့ရက်တွေကရှေ့ဆက်ဖို့ခက်
လောကမှာအရေးကြီးတာပိုက်ဆံဆိုတဲ့
မှတ်ဉာဏ်လူတွေနဲ့ဆက်ဆံကာကြည့်တဲ့အခါ
မျက်နှာမှာအရင်ကထက်ပိုပြီးတော့ခက်ထန်
လူတွေကခက်ပြန်တယ် ကျောင်းတုန်းက
သင်ခဲ့တဲ့ စာရိတ္တက တစ်ရက်မခံ
ပိုက်ဆံနဲ့ကိုယ့်ကျင့်တရား
တိုင်းတာတာမျိုးတွေတော့လုံးဝလက်မခံ
လူတစ်ချို့ကမနက်ရောက်မှအိမ်ပြန်တယ်
လူတစ်ချို့ကမနက်ထိအောင်ဇိမ်ခံတယ်
ပြောင်းလဲဖို့အချိန်တန်နေလည်း
လူတစ်ချို့ကအောက်ခြေဘဝမှာ
ခုထိ အနိမ်ခံ ဒုက္ခ တွေရောက်ပြီးဆို
အချိန်မှန် ကံကောင်းခြင်းတွေ
ဘာကြောင့်ထိမ်ချန်အိမ်ပြန်ဖို့ခက်တဲ့
ညတွေကိုရေတွက်ရင်ဟိုးအဝေးမှာရှိနေတဲ့
အမေ့အိမ်ကိုသိပ်လွမ်းတယ်
မှန်တစ်ချက်လိုပဲ လူတွေကအထိမခံ
လဲနေသူထူမဲ့အစားဝိုင်းပြီးတော့ကြည့်ပြန်
သူကောင်းမှကိုယ်ကောင်းမဲ့အသိဉာဏ်က
နောက်ဆုံးတော့တယောက်ထဲအထီးကျန်မယ်
ဘဝရဲ့ အဘိဓာန် ကိုယ့်ထက်နိမ့်ကျသူကို
ပြန်ပြီးတော့ကြည့်ရန်
မုန်းစိတ်နဲ့ကြည့်တော့ မြင်သမျှက
အကျည်းတန်မယ် အသူခံ
လည်သူစားခေတ်ကြီးထဲမှာလူဖြစ်လာတော့
ဖြစ်သမျှကိုအကောင်းမှတ်ကာ
အရာရာကိုသည်းခံ
လူရယ်လို့ဖြစ်လာတဲ့ဆိုလိုရင်း
ဖြစ်ပြီးရင်ပျက်ပြီးတော့ယိုယွင်းလာ
တဖြည်းဖြည်းနဲ့အသက်တွေလည်း
အိုမင်းလာ အတ္တတွေရပ်မရတဲ့
မောဟတွေပိုတင်းမာ ဘဝမှာ
ငြိးချမ်းခြင်းအဓိပ္ပါယ်ကိုရှာနေရင်း
လူတွေကကိုယ်ဖြစ်လာမှပဲ ပိုနစ်နာရတယ်
Rule no.1 ကိုယ်နဲ့ယှဉ်ပြီးတော့အရာရာ
ကိုယ်ချင်းစာရမယ်
အို မြတ်စွာဘုရား ကြည့်ပါဦး
လူ့လောကကြီးထဲဖြစ်ပျက်မှုတွေ
ကောက်ကျစ်စဉ်းလဲ ယုတ်ညံ့မှုတွေကို
ရပ်တန့်ပေးပါဦး
အို မြတ်စွာဘုရား ကြည့်ပါဦး
အတ္တတွေပြည့်နှက်နေ
အမုန်းတရားတွေပြည့်နှက်နေ
လောကဓံကြား လူတွေ လူတွေ
သိပ်ကြောက်ဖို့ကောင်းပါလား...
အတွေးခေါ်တွေခေါင်းထဲမှာ
ပြတ်သားစွာမှတ်ထား စာနာမှုတွေများစွာ
ပါးစပ်ဖျားကထွက်သွားလည်း ရသမျှကို
ယူလိုက်မယ် ဖြစ်နိုင်ရင် အလာကား
လူတစ်ဖတ်သားကိုလည်းလုံးဝမသနား
ကြင်နာမှုတွေပေါများတဲ့
အင်တာနက်ပေါ်တက်ရှာစကာလုံးပေါင်း
များစွာနဲ့လက်တွေ့မှာလက်ဗလာ
မျှော်လင့်ချက်နဲံအသက်ရှင်မဲ့
ရှေ့ဆက်မဲ့ မနက်များမှာ
ကိုယ့်ကိုကိုယ်ကောင်းအောင်နေ
အရေးကြီးတာ ပြသာနာ
ပြသာနာက ဆင်းရဲတာ ချမ်းသာတာ
ခွဲခြားဆက်ဆံတက်တဲ့စိတ်ဓာတ်ကိုရှက်ပါ
အရာအားလုံးထားရစ်ခဲ့ပြီးတစ်ချိန်မှာ
ပျောက်ဆုံးကာဒီလောကထဲကနေ
ရုတ်တရက် ထွက်ခွာ
ငွေကြေးတွေရာထူးတွေဂုဏ်ဒြပ်တွေ
မာနတွေစည်းစိမ်တွေ ပကာသနတွေကို
ခဝါချ ဘာဆိုဘာမှ ဘယ်အရာမှနောက်ဆုံးမှာ
အိုနာသေခြင်းကိုတာဆီးဖို့မတက်သာ
လူတွေဟာ လောဘ ဒေါသ
မောဟများနဲ့ဖုံး စာနာသနာမှုများကို
လိုက်ရှာပေးပါဦး မာန်မာနများနဲ့
သံသရာကြားထဲမှာ အရာရာ
အားနည်းစွာရှင်သန်နေရတဲ့ ဘဝတွေ
မျှတမှုမရှိတာ ကြည့်ပါဦး
အို မြတ်စွာဘုရား ကြည့်ပါဦး
လူ့လောကကြီးထဲဖြစ်ပျက်မှုတွေ
ကောက်ကျစ်စဉ်းလဲ ယုတ်ညံ့မှုတွေကို
ရပ်တန့်ပေးပါဦး
အို မြတ်စွာဘုရား ကြည့်ပါဦး
အတ္တတွေပြည့်နှက်နေ
အမုန်းတရားတွေပြည့်နှက်နေ
လောကဓံကြားလူတွေ လူတွေ
သိပ်ကြောက်ဖို့ကောင်းပါလား
လူတွေ လူတွေ
သိပ်ကြောက်ဖို့ကောင်းပါလား