menu-iconlogo
huatong
huatong
avatar

ညှို့မျက်ဝန်း

ဖိုချို pho chohuatong
newday1952huatong
가사
기록
နောက်လှည့်အကြည့်တစ်ချက် ဆိုသာရုံလေး

ညှို့မျက်ဝန်းရှင်ရယ်

မင်းပေးသွားတဲ့ ရင်ဝေဒနာလည်း

စက္ကန့်ရွေ့အမျှပါပဲ..

ကလေး ငယ်လို လိုလားမှူများစွာနဲ့ရယ်

တောင်းခံသူကို..

အချစ်..တစ်ခြမ်း တစ်ဖဲ့ဖြစ်ဖြစ်

စေတနာ သဒ္ဓါသလောက်မျှခဲ့ပါ

အချစ်..လမ်းတစ်ဝက်ဖြစ်ဖြစ်

ကြင်နာနိုင်သလောက်ရွေ့လှမ်းပါ

အချစ်ပန်းတစ်ဝက်ဖြစ်ဖြစ်

တွယ်တာနိုင်သလောက်စွန့်ခဲ့ပါ

နားနဲ့မနာ ဖဝါးနဲ့မနာ

နှလုံးသားနဲ့ နာတော်မူပါ

ပြောလှည့်ပါ ဟောခဲ့ပါ

အချစ်တစ်ရားဦးတစ်ပုဒ် နာလိုသူမှာ

အတွေးများစွာ ပေးထားတာ

အရှုံးအမြတ်အတွက် မရေရာသူမှာ

နေလောင်ပန်း တို့ရဲ့ ငိုရှိုက်သံနဲ့အတူ

ရော်ဝါရွက်တို့ရဲ့ညှိုးငယ်စိတ်နဲ့အတူ

မြေစာမြက်တို့ရဲ့ သိမ်ငယ်မှုနဲ့ ထပ်တူ

တစ်ပြည်ကွာအနမ်းတို့ရဲ့ ဝေးကွာခြင်းနဲ့အတူ

ဒီလူမှာသာဆုံး.. ရှုံး..နေမှာပဲလေ

ဆုံးကာ..ရှုံးကာသာ.. နေမှာပဲလေ..

ဆုံး...ရှုံး...နေမှာပဲလေ

အမြဲစဉ် ရှုံးကာသာ..နေမှာပဲလေ..

အမြဲ....ရှုံး..နေမှာပဲလေ..ချစ်ရေ...

အသည်းခွင်းမြှားချက်..ရင်လည်ဗဟို၌

စူးစိုက်ခဲ့ပြီကွယ်...

အပြုံးဝင့်တချက်ကရင်ကိုတစ်ပါတည်း

သိမ်းပိုက်သွားပြီပဲ..

စိတ်အစဉ်ရယ် တစ်ပါတည်းနဲ့ လိုက်ပါသွားတယ်

ညို့ပိုင်သူရေ...

အသင့် ပုခုံးနုထက်မှ

အပြာရောင်လွယ်အိတ်ကလေးဖြစ်ပါရစေ

အသင့် ဖဝါးနုအောက်မှ

ကတ္တီပါဖိနပ်ကလေးဖြစ်ပါရစေ..

အသင့် ဦးထိပ်ထက်မှ

ငွေရောင် ဆံညှပ်ကလေးဖြစ်ပါရစေ..

နားနဲ့မနာ ဖဝါးနဲ့မနာ

နှလုံးသားနဲ့ နာတော်မူပါ

ပြောလှည့်ပါ ဟောခဲ့ပါ

အချစ်တစ်ရားဦး တစ်ပုဒ် နာလိုသူမှာ

အတွေးများစွာ ပေးထားတာ

အရှုံးအမြတ်အတွက် မရေရာသူမှာ

နေလောင်ပန်း တို့ရဲ့ ငိုရှိုက်သံနဲ့အတူ

ရော်ဝါရွက်တို့ရဲ့ညှိုးငယ်စိတ်နဲ့အတူ

မြေစာမြက်တို့ရဲ့ သိမ်ငယ်မှုနဲ့ ထပ်တူ

တစ်ပြည်ကွာအနမ်းတို့ရဲ့ ဝေးကွာခြင်းနဲ့အတူ

အသင်ပိုင်ဆိုင်ရာ

အသည်း..ယဇ်...ပလ္လင်တော်ထက်မှာ

မနှေးမြန် စတေးခံကာ နေမှာပဲလေ

အသည်း....ယဇ်..ပလ္လင်တော်ထက်မှာ

ဆုံးကာ ရှုံးကာသာ... နေမှာပဲလေ

ဆုံး.....ရှုံး... နေမှာပဲလေ အချစ်ရေ...