menu-iconlogo
huatong
huatong
avatar

အနီရောင်အလွမ်း

Rachelhuatong
nettigirlhuatong
가사
기록
သီချင်း း အနီရောင်အလွမ်း

တေးရေး/ တေးဆို - Rachel

ငါမြင်နေတာ ဝိုးတဝါးလား

ဒီနံရံတွေဟာ စကားပြောတတ်လာ

ငါရူးသွားတော့မလား

ဒါစိတ္တဇလား

ပြဇာတ်တစ်ခုမှာ ကကြိုးပြတ်သွား

နင်ဆိုတာဟာ မကောင်းဆိုးဝါးလား

ကိုယ်ထင်တဲ့ခဏ လူမှတ်ခဲ့တာ

ငါ့အမှားတစ်ခုပါ မျက်လုံးများမှိတ်ထား

နင်သတ်ခဲ့တာ ဒီလိပ်ပြာများ

အဆိပ်ကြိုးများ ငါ့ကိုချည်နှောင်ထား

ဒါဆို နင်ပျော်လား ဒါဟာအချစ်တဲ့လား

နင်ပေးတဲ့ အပြာရောင်အိမ်မက်များ

တစ်စစီ ပဲ့ကြွေသွား

အနီရောင်အလွမ်းဖြစ်သွား

အသက်ရှူသံများ နင်ပေးခဲ့တာ

ဘဝဆိုတာ နင့်အတွက် ကစားကွင်းတခုလား

စိတ်တွေခဏ လေထဲလွင့်ကာထား

မျောပါသွား အမှိုက်တစ်ခုတဲ့လား

နာရီတွေဟာ ရပ်တန့်သွားတာ

နင်ဆိုတာလဲ တကယ်မရှိခဲ့တာလား

ဝဋ်တစ်ခုလား ထင်ရာစိုင်းခဲ့တာလား

အချစ်ဆိုတာက ငရဲမီးတစ်ခုလား

အဆိပ်ကြိုးများ ငါ့ကိုချည်နှောင်ထား

ဒါဆို နင်ပျော်လား ဒါဟာအချစ်တဲ့လား

နင်ပေးတဲ့ အပြာရောင်အိမ်မက်များ

တစ်စစီ ပဲ့ကြွေသွား

အနီရောင်အလွမ်းဖြစ်သွား

တိမ်တိုက်များလဲ အလိုလိုအရည်ပျော်သွား

နင်လုပ်ရက်လေတာ

ဟန်ဆောင်ခြင်းတစ်ခုတဲ့လား

မနက်ခင်းများ နေဝင်ချိန်တွေရောက်သွား

အရာရာ နထ္တိဖစ်သွား

ဒါဟာ အချစ်တဲ့လား

နင်ပေးတဲ့အပြာရောင်အိမ်မက်များ

တစ်စစီ ပဲ့ကြွေသွား

အနီရောင်အလွမ်းဖြစ်သွား

Rachel의 다른 작품

모두 보기logo