menu-iconlogo
huatong
huatong
sai-sai-kham-lengjohn-zayya-thit-sar-taw-7---live-2019-cover-image

Thit Sar Taw 7 - Live / 2019

Sai Sai Kham Leng/John Zayyahuatong
phillips958417huatong
가사
기록
တစ် အချစ်မေတ္တာ နှစ် အကျင့်သိက္ခာ

သုံး လေး ငါး စည်းစိမ်ဥစ္စာတွေနဲ့ ရိက္ခာ

ခြောက် အတတ်ပညာ ခုနှစ် စိတ်ဓာတ်နဲ့

ဒါတွေအားလုံးပေါင်းစပ်လိုက်တော့ ပရိသတ်အတွက်

စိတ် သူစလို့ သီချင်းကိုဆိုတော့ဖြစ်ချင်တဲ့စိတ်

သူ့မိဘ အသိုင်းအဝိုင်းက အရိုင်းအစိုင်းလို့ အပြစ်တင်တယ်ဟိတ်

ပတ်ဝန်းကျင်ကညစ်ချင်တယ်ဟေး အားလုံးလွင့်စင်အဝေး

ဂီတကိုအသစ်ထွင် ဘဝကိုမြှင့်တင် အော်ကာဟစ်ချင်တယ်ဟေ့

အစကအတ္တ တကိုယ်ကောင်းဆန်ပြီး အောင်မြင်ဖို့

အမြှီးအမောက်တွေမတည့်တာတွေ့ရင် နောင်ကျဥ်ဖို့ သူလေလှောင်ချင်လို့

မိန်းကလေးတစ်ယောက်ယောက်နဲ့ကြိုက် ငွေကြေးနာက်ကို တစ်ကောက်ကောက်နဲ့လိုက်

ဒါတွေကို လိပ်ပြာမသန့်တော့ အတိတ်မှာထားခဲ့အဆိပ်လိုပဲ သူလေရှောင်ကျဉ်လို့

မာနကကြီးပါသည် ဘဝင်တွေမြင့်ပါသည်

ဒါတွေပြီးပါပြီ အခုပရိတ်သတ်ကို အထင်ကြီးလာပြီ

အနုပညာလောက အလယ်မှာ ကာလတွေတာရှည်ခဲ့

အခုမြင်လာ သဘောပေါက်လာပြီ လူတွေကအထာတွေနဲ့

ကျော်ခွတွန်းထိုးမယ် တက်နင်းမယ် ဘာတွေလဲ

နောက်ဆုံးဖြစ်ရမှာက မီးခိုးတွေပြာတွေပဲ

အားလုံးလက်တွေ လေထဲကိုမြှောက်ထားလိုက်

တစ် အချစ်မေတ္တာ နှစ် အကျင့်သိက္ခာ

သုံး လေး ငါး စည်းစိမ်ဥစ္စာတွေနဲ့ ရိက္ခာ

ခြောက် အတတ်ပညာ ခုနှစ် စိတ်ဓာတ်နဲ့

ဒါတွေအားလုံးပေါင်းစပ်လိုက်တော့ ပရိသတ်အတွက်

တစ် အချစ်မေတ္တာ နှစ် အကျင့်သိက္ခာ

သုံး လေး ငါး စည်းစိမ်ဥစ္စာတွေနဲ့ ရိက္ခာ

ခြောက် အတတ်ပညာ ခုနှစ် စိတ်ဓာတ်နဲ့

ဒါတွေအားလုံးပေါင်းစပ်လိုက်တော့ ပရိသတ်အတွက်

မနက်ကနေ မိုးစုပ်စုပ်ချုပ် တီးလုံးတွေတဒုတ်ဒုတ်နဲ့ထုတ်

ကော်ဖီကိုအဖော်ပြု Computer ရှေ့မှာ တကုပ်ကုပ်နဲ့ရှုပ်

ဟိုအရင်လို မဟုတ်တရုတ်တွေရုပ်သိမ်း အရှုပ်ထုတ်တွေချုပ်ငြိမ်း

ယိမ်းနွဲ့လို့ စိမ်းလဲ့တဲ့ မီးရောင်အောက်မှာ အလုပ်တွေလုပ်

နှစ် လ ရက် အချိန် နာရီမိနစ်စက္ကန့်

အရင်းအနှီးလို မြှုပ်နှံကာ အားလုံးအတွက်ပေါ့ မနက်ဖြန်

လာမပြာနဲ့ လုပ်ခ လစာငွေကအရေးတော့မကြီးဘူး

တွေးတောကြည့်အခု မင်း သူ့လိုလူက သွေးတော့မကြီးဘူး

ဒီလိုနဲ့ ဘဝကို ယုံကြည်မှုနဲ့ ရှေ့ဆက် လိုအပ်ခြင်းများကို ကြိုးစားမှုနဲ့ ဖြည့်စွက်

အပုပ်ချတဲ့လူတွေက မဲ့ရွဲ့လို့ ကဲ့ရဲ့ ဒုက္ခက ချိုနဲ့လား သတ္တိနဲ့ဇွဲနဲ့

သူလည်းပဲလူပဲခံစားချက်တွေနဲ့ ရင်ထဲက သူလည်းပဲလူပဲနာကျည်းချက်တွေနဲ့ ရင်ထဲမှာ

လူတစ်ယောက်ရဲ့တန်ဖိုး အကျိုးရှိအောင်လိုနေရင်းနဲ့

ဖန်တီးတဲ့အရာတွေကတော့ ပရိသတ်အတွက်

တစ် အချစ်မေတ္တာ နှစ် အကျင့်သိက္ခာ

သုံး လေး ငါး စည်းစိမ်ဥစ္စာတွေနဲ့ ရိက္ခာ

ခြောက် အတတ်ပညာ ခုနှစ် စိတ်ဓာတ်နဲ့

ဒါတွေအားလုံးပေါင်းစပ်လိုက်တော့ ပရိသတ်အတွက်

တစ် အချစ်မေတ္တာ နှစ် အကျင့်သိက္ခာ

သုံး လေး ငါး စည်းစိမ်ဥစ္စာတွေနဲ့ ရိက္ခာ

ခြောက် အတတ်ပညာ ခုနှစ် စိတ်ဓာတ်နဲ့

ဒါတွေအားလုံးပေါင်းစပ်လိုက်တော့ ပရိသတ်အတွက်

Sai Sai Kham Leng/John Zayya의 다른 작품

모두 보기logo