menu-iconlogo
huatong
huatong
avatar

Sate Kue Yin A Nan Myar Nae' - Live

Sai Sai Kham Lenghuatong
reaboudreauhuatong
가사
기록
စွဲလမ်းကြင်နာရသောဘဝတစ်ခု

အမြဲတမ်းကိုယ်လိုချင်နေတဲ့စိတ်ကူး

အရူးအမူးပိုင်ဆိုင်ချင်တဲ့အချစ်တစ်ခု

မင်းလေး မမြင်ချင်ယောင်ဆောင် လစ်လျူရှု

အချစ်ဟာအတုလို့ မင်းကိုယ့်ကိုထင်နေတာ

ထင်တာမြင်တာ မသေချာဘဲ ကိုယ့်ကိုနှင်နေတာ

ပုံပြင်ဆန်တဲ့ မင်းပုံရိပ်က

မင်းရဲ့ ရှေ့ကထွက်ခွာမရအောင် ကိုယ့်မျက်လုံးကိုညှို့ယူထား

ကိုယ့်ခြေလှမ်းများလည်း မင်းရဲ့ ရှေ့မှာလဲပြိုကျ

မင်းသူငယ်ချင်းလေးများ ကိုယ့်ကိုဝိုင်းလို့ ဟား

ရိုင်းလို့လားကွာ အနှောင့်အယှက်ဖြစ်လို့လား

စိတ်အလိုမကျရင်ပြောပါ ကိုယ့်အချစ်များ

ရင်ထဲမှာမင်းပဲရှိတယ် နေရာတိုင်းမှာမင်းလေးပဲ

အချိန်တွေလည်းမင်းအကုန်ယူ ဘဝတစ်ခုလုံး မင်းပဲဆွတ်ယူ

စိတ်ကူးယဉ်အနမ်းများနဲ့ အိပ်မက်ထဲ တို့ဆုံမယ်

အပိုမပြောပါကလေးလေးရယ် ငါ့ဘဝထဲမှာ မင်းကိုချစ်တယ်

နေ့ဘက် စဥ်းစားရင်း စိတ်ရှုပ်တယ်

ညဘက် အိပ်မက်က နှိပ်စက်တယ်

မနက်မနက် သိပ်ချစ်တော့စိတ်ညစ်တယ်

မင်းလေး လွယ်လွယ်ကူကူအပြစ်မယူနဲ့

ချစ်သူရယ် မင်းကကိုယ့်အတွက်တော့ ထောင်ချောက်ပဲ

မင်းရဲ့အတန်းရှေ့မှာ ခေါက်တုံ့ခေါက်ပြန် ယောင်ခြောက်ဆယ်

ကိုယ့်နှလုံးသားလည်း အခုဆိုပရမ်းပတာနဲ့

မင်းကိုလွမ်းတာနဲ့ ရင်ဘတ်ထဲမှာ ရမ်းခါခဲ့

မင်းကိုကြွေတဲ့ တခြားကောင်တွေဆိုကြည့်မရ

မင်းရဲ့နောက်က အရိပ်လို့ပဲငါ ရှိနေမှာ

ကျေးဇူးပြုပြီး ဆုံးဖြတ်ပေးပါ

အို ပြောပါဦး ဘာတွေဖြစ်လာမလဲဆိုတာ

ရင်ထဲမှာမင်းပဲရှိတယ် နေရာတိုင်းမှာ မင်းလေးပဲ

အချိန်တွေလည်းမင်းအကုန်ယူ ဘဝတစ်ခုလုံး မင်းပဲဆွတ်ယူ

စိတ်ကူးယဉ်အနမ်းများနဲ့ အိပ်မက်ထဲ တို့ဆုံမယ်

အပိုမပြောပါကလေးလေးရယ် ငါ့ဘဝထဲမှာမင်းကိုချစ်တယ်

မင်းကိုချစ်တယ် မင်းကိုချစ်တယ် မင်းကိုချစ်တယ်

အလွမ်းအဆွေးမင်းလေး ငါ့ကိုမပေးနဲ့ မတွေးနဲ့ ချစ်ခွင့်တစ်ခုသာပေး

အရာရာကိုစတေးလို့ ငါ့အတ္တကိုဘေးဖယ်

ဘာမဆိုရင်ဆိုင်ရဲတဲ့ စိတ်နဲ့ အတိတ်ရဲ့

အမှောင်တွေကို မင်းရဲ့အချစ်နဲ့ ထွန်းညှိပေးပါကွယ်

မင်းဆီ အပြေးလာမယ်

အရေးမပါတဲ့ ကိုယ်ရဲ့အကျင့်ဆိုးတွေပြင်ပါ့မယ်

ကြယ်တွေတောင်ကြွေလောက်တယ် မင်းအလှက သေလောက်တယ်

အဲဒါမျိုးမကြည့်ပါနဲ့ မင်းမုန်းမှာအသေကြောက်တယ်

ရင်ထဲမှာမင်းပဲရှိတယ် နေရာတိုင်းမှာမင်းလေးပဲ

အချိန်တွေလည်းမင်းအကုန်ယူ ဘဝတစ်ခုလုံး မင်းပဲဆွတ်ယူ

စိတ်ကူးယဉ်အနမ်းများနဲ့ အိပ်မက်ထဲတို့ ဆုံမယ်

အပိုမပြောပါကလေးလေးရယ် ငါ့ဘဝထဲမှာမင်းကိုချစ်တယ်

ရင်ထဲမှာမင်းပဲရှိတယ် နေရာတိုင်းမှာမင်းလေးပဲ

အချိန်တွေလည်းမင်းအကုန်ယူ ဘဝတစ်ခုလုံး မင်းပဲဆွတ်ယူ

စိတ်ကူးယဉ်အနမ်းများနဲ့ အိပ်မက်ထဲတို့ ဆုံမယ်

အပိုမပြောပါကလေးလေးရယ် ငါ့ဘဝထဲမှာမင်းကိုချစ်တယ်

Sai Sai Kham Leng의 다른 작품

모두 보기logo