သီချင်း - Hug
တေးဆို - စုံဖြိုး
ဘာလိုလိုနဲ့
ဆောင်းတွင်းထဲတောင်ရောက်လာပြီ
ရာသီဥတုလေးလည်း အေးလာပြီ
ဝင်လာခဲ့ ဒီရင်ခွင်ထဲမှာ
ငွေ့ငွေ့ကလေးနွေးသည်
မယုံရင် နင်ခေါင်းလေးမှီကြည့်ပါ
ဒီရင်ဘက်ကြီးက တကယ်နွေးတာ
နင်မှီနေတုန်းလေး
နင့်နဖူးလေးပဲခိုးပြီးနမ်းချင်မိသည်
ဒီဆောင်းတွင်းအငွေ့အသက်လေးများကြောင့်
လက်ကတွေ အေးစက်ခဲသွား
၁၅၀၀ အနွေးဓါတ်လေးများနဲ့
မင်းကိုငါ ပွေ့ဖက်ပေးမှာ
အာဒံနဲ့ ဧဝလို
ကဗျာဆန်တဲ့တေးသွားမျိုး
ငါတို့ရဲ့အချစ်ကြောင့်
နှင်းစက်ကလေးတွေတောင်
ထွက်ပြေးသွား အိုး
နှုတ်ခမ်းလေးများ
ခိုက်ခိုက်တုန်နေရင်ပြောပါ
ကိုယ်အာငွေ့ကလေးပေးရင်
တဖြည်းဖြည်းနွေးလို့သွားမှာ
နင့်လက်ဖဝါးလေးများ
အေးစက်နေရင် ဖက်ထားကွာ
ဒီရင်ဘက်ကြီးထဲ နင့်ကို
ထွေးပိုက်ထားဖို့ရာ
ဒီဇင်ဘာ
အေးချမ်းလွန်းတဲ့မိန်းခလေးရာ
ချယ်ရီတွေတောင် မင်းရဲ့အလှကြောင့်
ညှိုးနွမ်းသွားမှာ
လမ်းကြုံရင် စောင့်နေ
မိန်းခလေးများလည်း သူ့ကိုပြောပြပေးပါ
ဒီရင်ဘက်ကြီးက
ဘယ်လောက်ထိနွေးလိုက်မလဲဆိုတာ
ကိုယ်ဂစ်တာကလေးတီးကာ
မင်းရဲ့ဘေးမှာ သီချင်းတွေဆိုပြမယ်
ကော်ဖီပူလေးသောက်ကာ
မှေးစက်လိုက်ပါ ကိုယ့်ရဲ့ရင်ခွင်ထဲ
နှုတ်ခမ်းလေးများ
ခိုက်ခိုက်တုန်နေရင်ပြောပါ
ကိုယ်အာငွေ့ကလေးပေးရင်
တဖြည်းဖြည်းနွေးလို့သွားမှာ
နင့်လက်ဖဝါးလေးများ
အေးစက်နေရင် ဖက်ထားကွာ
ဒီရင်ဘက်ကြီးထဲနင့်ကို
ထွေးပိုက်ထားဖို့ရာ
အို ချမ်းလည်းချမ်းတယ်
လွမ်းလည်းလွမ်းတယ်
လာဖက်ထားမယ်
ငါချမ်းလည်းချမ်းတယ်
လွမ်းလည်းလွမ်းတယ်
လာဖက်ထားကွယ်
နင့်နှုတ်ခမ်းလေးများ
ခိုက်ခိုက်တုန်နေရင်ပြောပါ
ကိုယ်အာငွေ့ကလေးပေးရင်
တဖြည်းဖြည်းနွေးလို့သွားမှာ
နင့်လက်ဖဝါးလေးများ
အေးစက်နေရင် ဖက်ထားကွာ
ဒီရင်ဘက်ကြီးထဲနင့်ကို
ထွေးပိုက်ထားဖို့ရာ
အိုဖက်ထား ဖက်ထား ဖက်ထားပါ
လာဖက်ထား ဖက်ထား ဖက်ထားကွာ
လာဖက်ထားပါ