သီချင်း - အတူတူမင်းနဲ့
တေးဆို - ဆူဇီ Ft. ဘာဘူ
ကို... တစ်ယာက်ထဲမနေတတ်ဘူး
အရမ်းသတိရတယ်ကွာ
ဘာဖြစ်လို့ပစ်ထားတာလဲဟင်
မချစ်တော့လို့လား
ကို့အနားမှာအမြဲတမ်းနေချင်လို့ပါ
အိမ်မှာမပျော်ပါဘူး မင်းနဲ့အတူမင်းနဲ့
တခါတလေမှာတို့စိတ်ညစ်ရလဲ မင်းနဲ့အတူတူ
Coffee ချိန်တွေဆိုလဲ မင်းနဲ့အတူမင်းနဲ့
လူအုပ်ကြားထဲလျှောက်သွားမယ်
အားမငယ်အောင်ကိုယ့်လက်လေးတွဲ အတူတူမင်းနဲ့
ချစ်တိုင်းလဲမညား ညားတိုင်းလဲမချစ်
ဒီအကြောင်းတွေထိုင်ပြောနေလို့
ထမင်းလဲမဖြစ် ချိန်းထားရင်ငါကအပျင်းလဲမတစ်
လေကန်ပြီးပြန်ရင်မင်းလဲမချစ်
ဝတ်လိုက်မယ်ဟောဒီကဂျင်းရှပ်အသစ်
ငါ့အကြောင်းကိုလူတွေပြောရင် အတင်းလဲမဖြစ်
မနေ့ညကငါရေးတဲ့ သီချင်းလဲအသစ်
ရေဒီယိုကလာတာ
အိမ်မှာမပျော်ပါဘူး မင်းနဲ့အတူမင်းနဲ့
တခါတလေမှာတို့စိတ်ညစ်ရလဲ မင်းနဲ့အတူတူ
Coffee ချိန်တွေဆိုလဲ မင်းနဲ့အတူမင်းနဲ့
လူအုပ်ကြားထဲလျှောက်သွားမယ်
အားမငယ်အောင်ကိုယ့်လက်လေးတွဲ
တကိုယ်ရေမနေတတ်ဘူး မင်းနဲ့အတူမင်းနဲ့
သာယာချင်လို့တို့မဆိုးတော့ဘူး အတူတူမင်းနဲ့
ဒီအိမ်ပြန်ချိန်တွေထိ ကိုယ့်ဘေးမှာနေပေး
အတူတူတီးတိုးနေ့လေးတွေ မဆုံးချင်ပါ
ကိုယ့်လက်လေးတွဲ အတူတူမင်းနဲ့
ပွဲခင်းထဲမှာကောင်မလေးကို ဖက်တဲ့သူကဖက်
အဆင်မပြေလို့ နောက်တယောက်နားကပ်တဲ့သူကကပ်
လူကြားထဲမှာရည်းစားနဲ့ပြတ်တဲ့သူကပြတ်
ဖုန်းနံပါတ်ပေးလို့မှတ်တဲ့သူကမှတ်
ရက်ပ်ပါတွေစင်ပေါ်ကိုတက်တဲ့သူကတက်
မိုက်ခရိုဖုန်းကိုင်ပြီးတော့ ရှက်တဲ့သူကရှက်
စီဒီထဲမှာလူသံတွေကို ထပ်တဲ့သူကထပ်
စကပ်အတိုနဲ့ကောင်မလေးကိုချက်ခ်တဲ့သူကချက်
ဒါတွေကိုမြင်နေရလဲခေါင်းထဲမဝင်
လှတာလေးတွေတွေ့တယ်ဆိုရင်မင်းပဲထင်
ညစာငတ်ရင်ငတ်ပါစေပေါ့ငြင်းခဲ့ချင်
မင်းအကြောင်းပဲငါ့စိတ်ကူးရဲ့ အတွင်းနဲ့အပြင်
မချစ်ဖူးပါဘူးဒီလိုမျိုးလဲ မင်းရဲ့အရင်
ဘယ်သူနဲ့များတွဲနေမလဲ ငါ့ရဲ့အထင်
အချစ်ရူးလို့တခါတလေလဲ မင်းပဲထင်
မင်းအမြဲတမ်းရှိသင့်တာက ငါ့ရဲ့ရင်
အိမ်မှာမပျော်ပါဘူးမင်းနဲ့အတူမင်းနဲ့
တခါတလေမှာ တို့စိတ်ညစ်ရလဲ မင်းနဲ့အတူတူ
Coffee ချိန်တွေဆိုလဲ မင်းနဲ့အတူမင်းနဲ့
လူအုပ်ကြားထဲ လျှောက်သွားမယ်
အားမငယ်အောင်ကိုယ့်လက်လေးတွဲ
တကိုယ်ရေမနေတတ်ဘူး မင်းနဲ့အတူမင်းနဲ့
သာယာချင်လို့တို့မဆိုးတော့ဘူး အတူတူမင်းနဲ့
ဒီအိမ်ပြန်ချိန်တွေထိ ကိုယ့်ဘေးမှာနေပေး
အတူတူတီးတိုးနေ့လေးတွေ မဆုံးချင်ပါ
ကိုယ့်လက်လေးတွဲ အတူတူမင်းနဲ့...